Thursday, July 21, 2011

ညိုရင့်ရင့် အလွမ်း

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က တဖွဲဖွဲနဲ့ မိုးဟာ
ချစ်သူနှစ်ဦးကို ပိုမိုနီးကပ်သွားစေတယ် ..။

တယောက်လက် တယောက် ဆုပ်ကိုင်ရင်း
တယောက်ပါး တယောက် အပ်ရင်း
ကောင်းကင် မှောင်မှောင်အောက်မှာ
နှစ်ဦးသားမျက်ဝန်းတွေနဲ့ အလင်းဖြာခဲ့ဘူးတယ် ..။

အတိတ်ဆိုတာ မရှိတာမှ မဟုတ်ပဲကွယ်
ကျမ အတိတ်မှာ လှပတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိတယ်
မိုးသည်းသည်းအောက် ကြည်နူးနေတဲ့ ချစ်သူနှစ်ဦး ပုံရိပ်တွေ ရှိတယ်
အတိတ်ကို အမှန်တကယ် ပိုင်ဆိုင်ဖူးခဲ့တယ် ..။

ဒီမြို့လေးမှာ ကျမတို့ ခြေရာတွေ ရှိတယ်
ကြင်နာယုယခြင်းတွေ ရှိတယ်
ကူညီဖေးမခြင်းတွေ ရှိတယ်
မျှော်လင့်စောင့်စားခြင်းတွေလည်း ရှိတယ်
ကျမရဲ့ အလွမ်းတွေလည်း ရှိနေခဲ့တယ် ..။

အကွာဝေးက စကားပြောလွန်းသတဲ့ ..။

အနေဝေးရင် သွေးအေးတတ်သတဲ့ ..။

ချစ်သူတမျက်နှာပဲ ရည်ညွှန်းခဲ့တဲ့ ကျမ
ယုံကြည်မှုတွေ သစ္စာဖောက်ခံလိုက်ရတဲ့ အခါ
တန်ဖိုးထားမှုတွေ ပျက်သုန်းသွားတဲ့ အခါ
မျှော်လင့်ချက်တွေ ပြိုလဲသွားတဲ့ အခါ ..။

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က ညိုရင့်ရင့်အရောင်ဟာ
တဦးတည်း တည်ရှိနေသူအတွက်
အထီးကျန်နဲ့ လွမ်းဆွတ်မှုတွေကိုသာ ဆောင်ယူလာခဲ့တယ် ..။

9 comments:

ညီစေနိင် said...

မင်္ဂလာပါ မိုးခါးရေ........
ညိုရင့်ရင့် အလွမ်းတဲ့လား..........

ချစ်သူတမျက်နှာပဲ ရည်ညွှန်းခဲ့တဲ့ ကျမ
ယုံကြည်မှု့တွေ သစ္စာဖောက်ခံလိုက်ရတဲ့ အခါ
တန်းဖိုးထားမှု့တွေ ပျက်သုန်းသွားတဲ့ အခါ
မျှော်လင့်ချက်တွေ ပျက်သုန်းသွားတဲ့ အခါ ...
သဲသဲမဲမဲ ပဲ .........။

ကောင်းလိုက်တဲ့ ကဗျာ အပိုင်းအစလေးတွေ..။ ခေါက်ရေ များများဖတ်လေ....ညိုရင့်ရင့် အလွမ်းတွေက တဖြည်းဖြည်း နဲ့ပေါ်လွင်လာလေပဲ.......။

ကိုကိုမောင်(ပန်းရနံ့) said...

သဲသဲမဲမဲတောင်ဘဲလား။ လွမ်းဆွမ်းစရာကြီးနော်။ အတိတ်ဆိုတာကြီးက လူကို လွမ်းဆွေးမှုကိုသာ ပိုပြီး ပေးတတ်တယ်ထင်ပါ့။

ခင်မင်လျက်

Anonymous said...

ကဗျာလေး ခံစားလို့ ကောင်းတယ်


အကွာအဝေးက စကားပြောလွန်းသတဲ့ ...
အနေဝေးရင် သွေးအေးတတ်သတဲ့ ...




သူမ

Anonymous said...

ကဗျာနဲ့ ရာသီဥတုနဲ့ တော်တော် ကိုက်ညီနေတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Maung Myo said...

အောင်သူ သီချင်းလား အနိုင်သီချင်းလားတော့ မသိတော့ဘူး သီချင်းလေးတစ်ပုဒ် သွားသတိရမိတယ်း)

ိမိုးတွေရွာရင်ဖြင့်ကွယ် လွမ်းမျက်ရည်လည် ငယ်ချင်ဟောင်းနဲ့ အတိတ်ဟောင်းလေးများရယ် ။

အဆင်ပြေပါစေ သယ်၇င်းရေ့ ကဗျာလှလှလေး ဖတ်သွားပါတယ် ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ယုံကြည်မှုတွေ သစ္စာဖောက်ခံလိုက်ရတဲ့အခါ
ဘယ်လိုလုပ်ပျော်ရွှင်နိုင်တော့မလဲ
အော် အလွမ်းတွေတောင်အညိုရောင်ဖြစ်သွားသတဲ့လား
ကဗျာလေးက ခံစားချက်တွေ အပြည့်နဲ့ဘဲ

မဒမ်ကိုး said...

အင်း...ဘယ်လိုပြောရမလဲ
ဒီခံစားမှု့မျိုးကကိုယ်တိုင်ခံစားဖူးမှသိတာမို့
နားလည်လိုက်ပါတယ်..

မဒမ်ကိုး

မင်းဧရာ said...

အမကြီးရေ..........
ကဗျာလေးကို ဖတ်မိပြီး
ကျွန်တော်လည်း အတွေထဲမှာမျောသွားတယ်
အဲလိုရာသီဥတုမျိုးမှာ ကဗျာ ရေးလို့ သိပ်ကောင်းတာ
အလွမ်းဓါတ်ခံလေးများရှိရင်ပေါ့။

မေသိမ့်သိမ့်ကျော် said...

အဖွဲ့အနွဲ့လေးတွေ သိပ်လှတာပဲ။ လွမ်းစရာကောင်းလွန်းလို့ ရင်ထဲမှာ ကိုယ်တိုင်လွမ်းသွားတယ်။


ခင်တဲ့

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...