Tuesday, December 23, 2008

တနေ့နေ့

နောက်ကြောင်းပြန်လှည့်လို့မရတဲ့ခြေထောက်တွေ
ကိုယ့်လမ်းကိုရွေးခဲ့တာပဲ
ရှေ့ဆက်လျှောက်ရုံအပြင်
ဘာတတ်နိုင်ဦးမလဲ ..

ရှေ့ကို လျှောက်ရင်း လျှောက်ရင်း
ကမ္ဘာကြီးသာ တကယ်လုံးရိုးမှန်ရင်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ငါ့နဂိုရှိရင်းစွဲအရပ်ကို
ပြန်လည်ဦးလှည့်နိုင်မယ်
ရောက်ရှိနိုင်မယ်
မျှော်လင့်မိပါရဲ့ ..

အဲဒီတချိန်ရောက်ဖို့ အတွက်
လိုအပ်ချိန်က ၁နှစ်လား
၁၀နှစ်လား
ဒီလောက်ရော ကပါ့မလား ..

ဘာပဲဖြစ်ဖြစ်
အဲဒီတစ်နေ့နေ့ဆိုတဲ့အချိန်ကို
မျှော်လင့်နေဖြစ်ဦးမှာပဲ ..

မိုးခါး

2 comments:

choco thazin said...

အားမလျှော့နဲ့ သယ်ရင်းရေ
တို့လဲလေ ဘဝတူမို့
U-turn မရှိလို့တွေးနေကြမို့
ခံစားရပါတယ်

ဏီ(န်)ကင်း said...

ရဲလေးသီချင်းလေးသွားသတိရပါတယ်.. ခံစားချက်လေးနဲ့အော်ကြည့်ပေါ့.... "ဘယ်လိုအချိန်မှာ...နီးစပ်မှာလဲ...ငါရူးရတော့မယ်..ဖွင့်မပြောခဲ့နိုင်ဘူး....ရင်ထဲနင်ဘယ်လိုသိမလဲ...လှည့်ကြည့်ဦး... " ဆိုင်တော့ဆိုင်လားမသိ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...