Saturday, June 9, 2012

ခံစားချက်

စိတ်တွေ အတော်လေးကို လေးလံထိုင်းမှိုင်းနေပါတယ် .. အားလုံးလည်း စိတ်တွေကြည်လင်နိုင်ကြမယ် မထင်ဘူး .. ဒေါသတွေထွက်လိုက် စိတ်မကောင်းတွေဖြစ်လိုက် .. အဝေးကလူတွေတောင် ခုလောက် စိတ်မကြည်လင်နိုင်ရင် နီးနီးနားနား ဒုက္ခခံနေရသူတွေ ဘယ်လောက်များစိတ်ဒုက္ခများလိုက်မလဲ .. ဘယ်လောက်နောက်ကျောမလုံဖြစ်နေလိမ့်မလဲ .. ကိုယ်တွေ ကွန်ပျူတာရှေ့မှာ အေးရာအေးကြောင်းထိုင် Facebook လေးဝင်လိုက် ဒေါသတွေထွက်လိုက် ပွားလိုက် ဆဲလိုက် ဆိုလိုက် .. တခြားနေရာတွေမှာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ မအိပ်နိုင် မပျော်နိုင် .. မတရားလိုက်တဲ့ လောကကြီး ..

ဘ၀တလျှောက်လုံးမှာ မျက်မြင်ဒိဌ ကိုယ့်ရှေ့သွေးသံတရဲရဲဖြစ်နေပုံတွေ ကိုယ့်ရှေ့မှာ လူတယောက် အသက်ငင်နေပုံတွေ တကြိမ်တခါပဲ မြင်ဘူးပါသေးတယ် .. အဲဒီအဖြစ်ကတော့ မျက်စိထဲကကို မထွက်နိုင်သေးတာ .. တရက် အစ်မနဲ့ ရွှေတိဂုံဘုရားက အပြန် ကားလမ်းအကူး (မှတ်တိုင်က ရေခဲဆိုင်လို့ ခေါ်လားမသိ) မှာ ကိုယ်တွေလမ်းကူးလာတုန်း မြင်လိုက်ရတာက အန်တီကြီးတယောက် လမ်းပေါ်မှာ မတ်တပ်ကြီးနဲ့ မလှုပ်မယှက် .. နောက် ကြည့်နေရင်း ထမိန်ကြားက သွေးတပွက်ပွက်ကျ သွေးနဲ့အတူ အသားစိုင်လို အဖြူဖတ်တွေပါ ပါလာတာမြင်ရင်း ကိုယ့်စိတ်တွေ ကြက်သေ သေနေခဲ့တာ .. ဘာမှလည်းမလုပ်တတ် ထိတ်လန့်နေခဲ့တာ .. ကြည့်နေရင်း အဲဒီအန်တီကြီး လမ်းပေါ်ပစ်လဲသွားခဲ့တယ် .. ဘေးနားက အဲဒီအန်တီကြီးရဲ့ သမီးလုပ်သူက အမေ အမေ .. အမေ့ကို ကယ်ပါဦး ကူကြပါဦးနဲ့ သွေးရူးသွေးတန်း .. လူတွေဝိုင်းနေပေမယ့် ကိုယ်ထိလက်ရောက် မလာကြသေး .. ချက်ချင်းဆိုတော့ လူတွေလည်း အံ့သြနေကြ ထိတ်လန့်နေကြပုံပါ .. ကိုယ်ကတော့ ဘာမှန်းမသိ ကြောက်နေတယ် .. လန့်နေတယ် .. တဆက်တည်း ပျို့ချင် အန်ချင်စိတ်တွေပါ ပေါက်လာတယ် .. နောက်တော့ လူတွေ ကူပြီး ကားတွေတား .. ကားတွေက မရပ်ချင်ကြသလို ရပ်လည်း မရပ်ကြဘူး .. နောက်ဆုံး အဖြူစိမ်းနဲ့ ကြံခိုင်ရေးထင်ပါတယ် အဖွဲ့ဝင် အနည်းအကျဉ်းရောက်လာပြီး ကားကူတားပေး .. နောက် တက်စ်စီတစီးချောမိလို့ အဲဒီတက်စ်စီနဲ့ ဆေးရုံခေါ်သွားကြတယ် .. ဒါ ပထမဆုံး အပြင်မှာ မြင်ဘူးတဲ့ သွေးထွက်သံယိုမြင်ကွင်းပါပဲ ..

ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ ဘတ်စ်ပေါ်က အဆင်း ကားကလည်း မောင်းအထွက် အဲဒီအဒေါ်ကြီး ပြုတ်ကျပြီးတော့ ထွက်နေတဲ့ သံပြားက တံခေါက်ကွေးကို ကပ်ဖြတ်လိုက်သလိုဖြစ်တာတဲ့ .. ကိုယ်တိုင်မကြည့်ရဲတော့ မမြင်ခဲ့ဘူး အစ်မပြောတာတော့ ပြတ်လုပြတ်ခင်ဖြစ်နေတယ်တဲ့လေ .. ၃ပုံ ၂ပုံလောက်ကို ပြတ်နေတယ်တဲ့ .. တရားခံဖြစ်တဲ့ ကားမောင်းသူနဲ့ နောက်လိုက်ကတော့ ထွက်ပြေးသွားတယ် ..

နောက်ပိုင်း ၂၀၀၇မှာ အပြင်မှာ မမြင်တွေ့ပေမယ့် အွန်လိုင်းမှာတွေ့ရတဲ့ မြင်ကွင်းတွေကြောင့် အဓိကရုန်းကို ကြောက်လန့်ခဲ့တယ် .. မတရားမှုတွေကို ရွံမုန်းခဲ့တယ် .. မတရားလုပ်တဲ့လူတွေကို စက်ဆုတ်တယ် ..

နာဂစ်မှာ တာဝန်မဲ့တဲ့သူတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးရမှုတွေကို အင်တာနက်မှာမြင်တော့ ကိုယ့်အမျိုးအဆွေတယောက်မှ မပါသည့်တိုင် ရင်ထဲတဆစ်ဆစ်နာပြီး မျက်ရည်ကျရတယ် ..

ဒါတင်ဘယ်ကမလဲ .. အစ်မတွေကပြောတယ် .. ၈၈ တုန်းကဆိုရင်လေ ဆိုပြီးတော့ .. မမြင်ဘူးပဲ နားနဲ့ကြားရတဲ့ အခြေအနေတွေနဲ့တင်ကို ကြောက်လန့်လွန်းလို့ မတွေးချင်လောက် သတိမရချင်လောက်အောင်ပါပဲ .. ဘာတဲ့ .. တယောက်ကိုတယောက် စွပ်စွဲတယ် .. ဆေးခပ်တယ် အဆိပ်ခပ်တယ်နဲ့ .. သူ့နယ်မြေ ကိုယ့်နယ်မြေသတ်မှတ် .. နယ်ကျော်လာရင် ခေါင်းဖြတ်သတ် .. ဖြတ်ထားတဲ့ခေါင်းတွေကို စီထားပြီး လူမြင်အောင်ပြ .. အဲဒီအချိန် လူတွေဘီလူးစီးနေကြသလားပဲ တဲ့ .. တီဗီမှာဆို ပြတယ် .. ဓါးက တုံးတုံးနဲ့ လူတယောက်ရဲ့ လည်ပင်းကို မပြတ်ပြတ်အောင် ဖြတ်နေတာတဲ့ .. အဲဒီမူဗီတွေ ရှိတယ်ပြောတယ် .. မကြည့်ချင် မကြည့်ရက် မကြည့်လည်း မကြည့်ရဲလို့ မကြည့်ဘူး ..

ဆက်မရေးချင်တော့ဘူး .. အဲလိုအဖြစ်မျိုးတွေ မြန်မာပြည်ကြီးမှာ ထပ်မဖြစ်ဖို့ ဆုတောင်းတယ် .. မြန်မာပြည်သူ ပြည်သားတွေကို စိတ်အေးချမ်းသာ လူတန်းစေ့နေနိုင်စေချင်တယ် .. ဘာကြောင့် ဘယ်လို အသက်ဆုံးရှုံးသွားပါတယ်ဆို သိသိ မသိသိ စိတ်မကောင်းဖြစ်ရတယ် .. လူတွေရဲ့အသက်ပါ .. အလဟသတ် အဓိပ္ပါယ်မရှိ ဆုံးရှုံးနေရတာတွေ မတန်လိုက်တာ .. လူတွေဘာလို့ ဒီလောက် လောဘ ဒေါသ မောဟတွေ ကြီးနေကြတာလဲ .. တနေ့ထမင်းသုံးနပ်အပြင် ဘယ်လောက် များများပိုစားနိုင်မှာလဲ .. သေရင် အ၀တ်တထည်ကိုယ်တခုအပြင် ဘာတွေများ ပိုပြီးထပ်သယ်သွားနိုင်မှာလဲ .. အဲဒီအ၀တ်နဲ့ ခန္ဓာကိုယ်ကြီးတောင် မီးလောင်တိုက်သွင်းခံရမှာ .. ကျေးဇူးပြုပြီး တတ်နိုင်တဲ့ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံကို ဒါ့ထက်ပို အထိမနာအောင် ကာကွယ်ပေးကြပါ .. မြန်မာနိုင်ငံကြီး မတရားမှုတွေကြားမှာ လုံးပါးပါးနေတာ ကြာလှပြီ .. အခုဖြစ်နေတဲ့ အရေးအခင်းတွေ အမှန်အကန်ဖြစ်တာဆိုရင်လည်း ထိထိရောက်ရောက် အဆုံးသတ်ပေးကြပါ .. လုပ်ကြံဇာတ်ခင်းနေတယ်ဆိုရင်လည်း ကိုယ်ချင်းစာစိတ် မျှတတဲ့စိတ်လေးဝင်ပြီး ကျေကျေလည်လည် အဆုံးသတ်ပေးကြပါ .. လေလှိုင်းပေါ်ကနေလည်း လူမသတ်ကြပါနဲ့ .. ရှုပ်နေတာတွေ ပိုရှုပ်ထွေးအောင် မလုပ်ကြပါနဲ့ .. စကားတွေ မက်ဆေ့တွေ ဖောင်းပွပြီး ယုန်ထင်ကြောင်ထင်ဖြစ်အောင်လည်း မလုပ်ကြပါနဲ့ ..

အားလုံးပဲ ကိုယ့်စည်းနဲ့ကိုယ် ထိန်းသိမ်းနိုင်ကြပါစေ ..

6 comments:

နေ၀သန် said...

ဟင်း.... ဘာမှမပြောနိုင်တော့ဘူး... စိတ်ညစ်တာပဲသိတယ်...

ခင်မင်လျက်
နေ၀သန်

နေ၀သန် said...
This comment has been removed by the author.
Anonymous said...

ဒေါသတွေ ထွက်နေတယ် ပြောရမလား ..
ဘယ်လို ပြောရမှာမှန်းကို မသိတော့ဘူး ..
ဟို Eleven က ဓာတ်ပုံတစ်ပုံထဲမှာ
အဲ့ဒီ့ ကုလားပေါက်စနလေး တစ်ယောက်
လက်မ ထောင်နေတာကြည့်ပြီး
အသည်းတွေ အူတွေယား
ဆောင့်ဆွဲ ကိုင်ပေါက်ပစ်ချင်တယ် ..
သရေပေါ်အိပ် သရေနားစားတွေ .. >.<

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုရင် said...
This comment has been removed by the author.
Angelhlaing(May everybody be happy and healthy! said...

ခုတော့ အေးချမ်းသွားပြီ ထင်ပါတယ် မမရေ...

ကြယ်ပြာ said...

ခု ရသေ့တောင်မှာ မီးရှို့တာတွေ ထပ်ဖြစ်ပြန်ပြီတဲ့။ ဘာလို့ ခုထိ သူတို့ လုပ်နေသလဲ စဉ်းစားမရဘူး။ ဘာလို့အစိုးရက နိုင်အောင် မကိုင်သလဲ စဉ်းစားမရဘူး။ မဖြစ်စေချင်တော့ဘူး။ အစ်မတို့ တိုင်းရင်းသား ရခိုင်တွေ ထိခိုက်နေတာများလာပြီ ...း(

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...