Saturday, June 30, 2012

မော်ကျွန်း ၀ါးခယ်မ ခရီးစဉ်

ဒီတခေါက် ရန်ကုန်ပြန်ပြီး စိတ်ထဲ အကျေနပ်ဆုံး ဖြစ်မိတာကတော့ ကုသိုလ်နဲ့ Lotus အဖွဲ့တို့ ပညာသင်စရိတ် ထောက်ပံ့ပေးတဲ့ မြို့ရွာအချို့ကို သွားခွင့် ရခဲ့တာပဲ ဖြစ်ပါတယ် .. ခုမျှဝေချင်တဲ့ ခရီးစဉ်ကတော့ မော်ကျွန်း ၀ါးခယ်မ ခရီးစဉ်ပါ .. မော်ကျွန်း ၀ါးခယ်မ ကွမ်းခြံကုန် ခရီးစဉ်ကို ၈-၅-၂၀၁၂ ညနေမှ စတင်ပြီး ၁၁-၅-၂၀၁၂ မနက်မှာ အဆုံးသတ်ပါတယ် ..

ကျမတို့ အားလုံး ၈-၅-၂၀၁၂ ညနေ ၆နာရီထွက်တဲ့ ရှပ်ပြေးရေယာဉ်နဲ့ စတင်ထွက်ခွာခဲ့ပါတယ် .. မိုးခါးကတော့ မရောက်ဘူးသေးတဲ့ နေရာတွေနဲ့ ကလေးတွေဆီ ကိုယ်တိုင်ရောက်ရမှာမို့ အရမ်းကို တက်ကြွနေခဲ့ပါတယ် .. အဲဒီခရီးစဉ်ကို သွားရောက်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်ဘက်က ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးရတဲ့ သူတွေရဲ့ ခရီးဟာ ဘယ်လိုအခက်ခဲတွေနဲ့ ကြုံတွေ့ရတယ် ပင်ပန်းမှုတွေကြုံရတယ်ဆိုတာကို ကိုယ်တိုင်လဲသိပြီး အများကိုမျှဝေနိုင်ဖို့ ပြီးတော့ အထောက်ပံ့ခံ ကလေးတွေနဲ့ နယ်ဘက်ရဲ့ ကျောင်းအခြေအနေ လိုအပ်ချက်တွေကို သိရဖို့ ဖြစ်ပါတယ် .. ခု ခရီးစဉ်တွေကို ကြည့်လိုက်ရင် နေရာတွေက ရန်ကုန်မြို့နဲ့ သိပ်မဝေးလှပါဘူး .. ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ် .. အလွယ်တကူသွားချင်တိုင်း အဆင်ပြေမှုတွေ မရှိဘူးဆိုတာ သိလာပါတယ် ..

ပထမဆုံး ရှပ်ပြေးယာဉ်ဟာ ၆နာရီမှာ ရန်ကုန်ဆိပ်ကမ်းဘက်ကနေ စတင်ထွက်ခွာပါတယ် ..

လမ်းတလျှောက်မြင်ကွင်းများ
စင်ယော်တွေ .. စက်လှေနောက်ကို လိုက်နေကြတယ် ..

အဲဒီနေ့က ရှပ်ပြေးပေါ်ရောက်ပြီး စထွက်တော့ တူတူသွားတဲ့ Lotus အဖွဲ့က စိုးပိုင်က ပေါင်မုန့်တုံးကြီး တခြမ်းခွဲပြီး လာပေးတယ် .. ကိုယ်ကလည်း ရတယ် မစားတော့ဘူး လို့ ဆိုတော့ သူက အစ်မကို ကျွေးတာမဟုတ်ဘူး ဇင်ယော်ကျွေးဖို့ ဆိုလို့ အော် .. အဟီး ဆိုပြီး သွားအဖြီးလိုက်နဲ့ ယူလိုက်ရတယ် .. :P ဇင်ယော်တွေကို အစာကျွေးပေမယ့် လေက တိုက် သူတို့ကလည်း မလိုက်နဲ့ ပေါင်မုန့်တုံးတွေ ဒီတိုင်းကျန်တယ် ..
မြစ်ရဲ့ တဖက်တချက်
ရန်ကုန်ဘက်ကမ်းကို ခွာလာခဲ့ပြီ

လမ်းတလျှောက်
ရှေ့မှာ နေ၀င်တော့မည်
အကျည်းတန်လှချိန်




 မော်ကျွန်းမရောက်မှီ ကျုံကျိုက်သို့ အရောက်
မြင်နေရတာကတော့ ကျုံကျိုက်မြို့နယ်ခေါ်မလားပဲ .. အဲဒီဆိပ်ကမ်းမှာ ကမ်းဘက် ဆင်းသူက ဆင်း .. အပေါ်က ပုံကလို ပဲ့ထောင်လေးတွေပေါ် ခုန်ဆင်း ခုန်တက်ပြီး တခြားလိုရာအရပ်ကို ခရီးဆက်သူက ဆက်နဲ့ မနက် ၁နာရီ ၂နာရီက လှုပ်ရှားသက်ဝင်လို့ .. ကလေးတွေကို ၂လတခါ ကျောင်းစရိတ် သွားပို့ပေးတဲ့အခါ အနီးအနားက မြို့နယ်လေးတွေဆီ သွားဖို့ကို ခုလိုမျိုးပဲ ညကြီးမင်းကြီး လှုပ်ရှားကြရပါတယ် .. ၀မ်းစာရှာတဲ့လူတွေကရော .. သူတို့လည်းပဲ အခြားသူတွေအိပ်ချိန်မှာ မအိပ်နိုင်ပဲ ခုလိုမျိုး ငွေရှာကြရတယ် .. တချို့က ပဲ့ထောင်မောင်း တချို့က ကုန်ထမ်း .. ရှပ်ပြေးထွက်တော့ ဦးလေးကြီးတယောက် အိပ်ပျော်နေလို့ ဆိပ်ကမ်းကို ကျော်သွားတယ် .. သူ့နည်းသူ့ဟန်နဲ့ ဟုတ်လို့ .. ဟန်းဖုန်းမရှိလည်း ပြဿနာမဟုတ်ဘူး .. အော်လိုက် ဟစ်လိုက်ရင် ဖြစ်တယ် .. (ဟန်းဖုန်းလည်း အော်ရတာဆိုတော့ ထူးပါဘူး) တဆင့် တဆင့် အော်သွားလိုက်တော့ နောက်ဆုံး ပဲ့ထောင်တစီး ရှပ်ပြေးနား လာကပ်တယ် .. ရှပ်ပြေးက အရှိန်လျော့ပြီး အဲ့ဦးလေးကြီးလည်း ဘုတ်ခနဲ ခုန်ဆင်းသွားတာပါပဲ .. သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်လို့ ..




ပြီးခဲ့တဲ့ အခေါက်တွေက ဘိုကလေးသင်ကျောင်းဘက်တွေသွားမယ်ဆိုလို့ရှိရင် ဒီသဘောင်္ကို ပြန်စီးဖို့အတွက် ည ၈နာရီလောက်ကို ပြန်ထွက်လာရတယ် .. တကယ်လို့ ဒီသဘောင်္က ၁၀နာရီ ၁၁နာရီလောက်မှ ကပ်တယ် .. ဒီသဘောင်္က မော်ကျွန်းကို ပြန်သွားတယ် .. မော်ကျွန်းကို ဆက်သွားပြီး မော်ကျွန်းက ကလေးတွေကို ကျွန်တော်တို့ ပညာသင်ထောက်ပံ့ကြေးသွားပေးတယ် .. ဒီမှာ အမြဲတမ်း လာစောင့်ရတယ် .. ရွာကနေ ၈နာရီလောက် ပြန်ထွက်လာပြီး ဒီနေရာမှာ စောင့်ရတယ် .. ဒီသဘောင်္က ၁၀နာရီ တခါတလေ ၁၁နာရီလောက် ကပ်တယ် .. အချိန်ကတော့ မမှန်ဘူး .. ဒီဆိပ်ကမ်းလေးကလည်း ၁၀နာရီဆို မီးပျက်တယ် .. မီးပျက်ပြီဆို မှောင်သွားရော .. ဒါပေမယ့် ပျော်တော့ ပျော်စရာကြီးပါ .. သူငယ်ချင်းတွေနဲ့ ဆိုတော့ ဒီလိုပဲ .. (Lotus အဖွဲ့မှ)
 မြင်းကကုံးသို့ အရောက်

ဒါကလည်း မော်ကျွန်းမရောက်ခင် ထပ်ရပ်တဲ့ ဆိပ်ကမ်းတခုပါ ..
မော်ကျွန်းမြို့ပေါ်က ဘုရားကြီး

  အဖွဲ့ဝင်များ တည်းခိုခဲ့သော ဘုန်းကြီးကျောင်းတည်ရှိရာ ဘုရားစေတီဝင်း

ကျုံကျိုက်နဲ့ မြင်းကကုန်း နှစ်ခုကို ဖြတ်ပြီး မနက် ၃ ၄ နာရီလောက်မှာ မော်ကျွန်းကို ရောက်ပါတယ် .. အဲဒီအချိန်မှာ ထုံးစံအတိုင်း မီး မလာပါဘူး .. မြို့ခံအကိုတယောက်က အဖွဲ့ဝင်တွေ လာတိုင်း တည်းခိုနေကျ ဘုန်းကြီးကျောင်းကို ခေါ်ဆောင်လာပြီး အဲဒီမှာ နားကြပါတယ် .. မနက် ၁၁နာရီလောက်မှာ စက်လှေတစီးကို ငှားပြီး ၀ါးခယ်မကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ် .. ၀ါးခယ်မကို သွားတာကတော့ အဖွဲ့က ကျောင်းစရိတ်ထောက်ပေးထားတဲ့ ညီမလေးတယောက်နဲ့ တွေ့ရဖို့ပါ .. သူကတော့ တက္ကသိုလ် တက်နေပါပြီ ..

မနက် ၁၁နာရီလောက်မှာ မြို့ခံအကိုတွေ ကျွေးတဲ့ အစားသောက်တွေ စားပြီး လှေဆိပ်ဆင်းပါတယ် ..ပြီးတော့ ၀ါးခယ်မကို ခရီးဆက်ကြပါတယ် ..

 ကျွေးတာတွေ အများကြီးပဲ .. ဒါပေမယ့် အရင်လာတဲ့ ၂ပုံရိုက်ပြီး ကျန်တာတွေရိုက်ဖို့ စားပြီးမှ သတိရတယ် .. :P


ဝါးခယ်မကို မော်ကျွန်းကနေ စက်လှေစီးပြီးသွားရပါတယ် .. လမ်းတလျှောက်ရှုခင်းပါ .. ဦးလေးက မှာလိုက်သေးတယ် .. မီးငယ် အဲ့ကျရင် ရေထဲ ဆင်းမကူးနဲ့ မိကျောင်း ရှိတတ်တယ်တဲ့ .. ဒီကလည်း ဦးလေး စကားနားထောင်တယ် .. ရေထဲ ခြေထောက်တောင် ဆင်းမစိမ်ခဲ့ဘူး .. ကြောက်လို့တော့ မဟုတ်ပါဘူး :D

မိကျောင်းကားတွေထဲက ဇာတ်ကွက်တွေကို သွားသတိရမိသေး ..

ဝါးခယ်မကိုရောက်ပါပြီ ..

စီးလာခဲ့သော စက်လှေ

တကယ်တော့ သွားရတဲ့ ခရီးက သိပ်မဝေးပါဘူး .. ဒါပေမယ့် အချိန်မမှန်တာ (မှန်းမရတာ) သိပ်လွယ်လွယ်ကူကူ မရှိလှတာပါ ..

ဝါးခယ်မကိုရောက်ပြီး အလှူရှင်တဦးမှ ထောက်ပံ့ပေးထားတဲ့ ညီမငယ်နဲ့ တွေ့ဆုံခဲ့ပါတယ် .. တခြား ကျောင်းတွေကတော့ ကျောင်းဖွင့်ချိန်မဟုတ်တဲ့အတွက် မရောက်ဖြစ်ခဲ့ပါဘူး .. ဒါပေမယ့် ၂လ တခါ တာဝန်ယူပြီး ကလေးစရိတ်တွေကို သွားပို့ပေးရတဲ့ သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြားက တာဝန်ယူပေးနေကြတယ်ဆိုတာကို ကိုယ်တိုင် ၀င်ရောက်ခံစားခဲ့ပါသည်ပေါ့ ..

5 comments:

Sonata Cantata said...

ကျုံကျိုက်ရောက်ရင် ပဲ့ထောင်ပေါ် ခုန်ဆင်းခဲ့ဖူးရတဲ့ ရင်ခုန်သံတွေ လှုပ်နိုး...

ကျေးဇူးပါ မိုးခါးရေ...
ဓာတ်ပုံတွေ အမ သိမ်းထားမယ်နော်

စံပယ်ချို said...

ဆက်သွယ်ရေးခက်ခဲလှပေမယ့်အခုလိုသွားရောက်ခဲ့ကြတာလဲ
ကုသိုလ်ပါပဲမိုးခါးရေ
ဖုန်းတွေကလှိုင်းမကောင်းတော့တခါတလေဒီမှာလဲ
အော်ပြောရပါတယ် နေ၀င်ချိန်အလှ ပုံတွေကတော့
အရမ်းကိုရငိထဲရောက်တယ်
လှလိုက်တဲ့ ရန်ကုန်မြစ်
အဲလိုရေလမ်းခရီးသိပ်မသွားခဲ့ဖူးဘူး
သွားချင်မိတယ်ဝါးခယ်မလဲမရောက်ဖူးပါဘူး
ပိုစ့်လေးအတွက်ကျေးဇူးပါရှင်

Angelhlaing(May everybody be happy and healthy! said...

ပရဟိတ အလုပ်လေးတွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ခါင့် ရချင်မိတယ်မမရေ... အခက်ခဲတွေ ကြားထဲက ရလာတဲ့ ကြည်နူးမှုရသကို ခံစားကြည့်ဖူးချင်ပါဘိ....။

အလွမ်းမြို့ said...

လာရောက် အားပေးသွားတယ်။
နေဝင်တဲ့ပုံလေးက မြန်မာပြည် လွမ်းဆွတ်မှု့ကို
ပိုအားပေးစေတယ်။
ကုသိုလ်တွေ ယူနေတဲ့အတွက် သာဓုခေါ်ဆိုပါတယ်။
လမ်းခရီးကလည်း ခက်ထဲထှာ


ခင်မင်တဲ့
အလွမ်း

Unknown said...

ကျွန်တော်တို.မြို.လေးနဲ. ပတ်သက်တဲ. ဓါတ်ပုံလေးတွေတွေ.ရလို.သဘောကျပါတယ်..ကမန်တော်တို.လည်း ကိုယ်နိုင်သလောက်ပရဟိတ လုပ်ငန်းလေးတွေ လုပ်ဖြစ်ပါတယ် ကျွန်တော်တို.မြို.လေးအကြောင်းသိချင်ရင် Facebook မှာ ၀ါးခယ်မ ဆိုတဲ. Page လေးရှိပါတယ် လက်ရှိပုံလေးတွေ သမိုင်းကြောင်းဆိုင်ရာလေးတွေ အကုန်ကြည်.နိုင်ပါတယ်..Facebook ရဲ. searchbox ထဲ ၀ါးခယ်မလို.ရိုက်ရှာလို.ရနိုင်ပါတယ်. Link လည်း တင်ပေးလိုက်ပါတယ်.(Link ကတော. အဆင်ပြေမပြေ မသိပါ)....ပြီးတော. ကျွန်တော်တို.မြို.လေးနဲ. ပတ်သက်တဲ. activies လေးတွေရှိရင်လည်း သိချင်ပါတယ်...https://www.facebook.com/pages/%E1%81%80%E1%80%AB%E1%80%B8%E1%80%81%E1%80%9A%E1%80%B9%E1%80%99/259181714159377

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...