Wednesday, June 20, 2012

မျက်ဝန်းထဲမှ အပြုံးများ

ပြုံးတယ် ...။

ခပ်ဖွဖွ ပြုံးတယ်
ပွင့်ပွင့်လင်းလင်း ပြုံးတယ်
စင်စင်ကြယ်ကြယ် ပြုံးတယ်
အားပါးတရ ပြုံးတယ် ...။

မြင်နေရတဲ့ အပြုံးတွေ
အဓိပ္ပါယ် စစ်ကြည့်တော့
လေးစားမှု
ချစ်ခင်မှု
မြတ်နိုးမှု
အားကိုးမှုတွေ ရောပြွန်းလို့ ...။

မျက်ရည် ကျတယ် ...။

ခပ်ဖြည်းဖြည်း ကျတယ်
တိုးတိုးတိတ်တိတ် ကျတယ်
မသိမသာ ရှိုက်တယ်
ရှိုက်ကြီးတငင် ကျတယ် ...။

ဒီမျက်ရည် အရင်းစစ်ကြည့်တော့
ဝမ်းသာမှု
ဝမ်းနည်းမှု
ယုံကြည်ကိုးစားမှု
လှိုက်ကနဲ ခံစားမှု
အံ့သြ၀မ်းသာခြင်းတွေ ရောပြွန်းလို့ ...။

ရှိုက်တယ်
ခပ်တိုးတိုး ရှိုက်တယ်
မျက်ရည်တစွန်းတစနဲ့
နှုတ်ခမ်းမှာ အပြုံးတွေ ခိုတွဲ
နှလုံးသားမှာ ခံစားချက်တွေ ချိတ်ဆွဲ
ရင်တခုလုံး အပျော်တွေ ကူးလို့ ...။

မြင်လိုက်ရတဲ့ လူတွေရဲ့ ၀မ်းမြောက် ၀မ်းသာမျက်နှာ
အားလုံး .. မျက်ဝန်းတွေတောင် လိုက်ပြုံးလို့ ...။




6 comments:

လင်းခေတ်ဒီနို said...

:) နင်တောင် တော်တော်ကဗျာရေးတတ်လာပြီး)

ကြယ်ပြာ said...

ကဗျာလေးကို နှစ်သက်စွာဖတ်သွားပါတယ်။း)

အလွမ်းမြို့ said...

လာရောက်အားပေးသွားတယ်။


အလွမ်း

ချော (အစိမ်းရောင်လင်ပြင်) said...

ဟုတ်ပါရဲ့
သူ့အပြုံးက မျက်ရည်ကျမိအောင်ကို ခံစားမိစေတယ်။
ဒီလောက်တောင် လူချစ်လူခင်များပြီး အားကိုးခံရတဲ့သူမျိုး ဘယ်မှာများ ရှာတွေ့နိုင်မလဲနော်။

စံပယ်ချို said...

ရေးထားတာဖတ်ပြီး ရင်ထဲထိအောင်ခံစားလိုက်ရပါတယ်
ပုံတွေနဲ့တွဲပြီးတင်လိုက်တော့ပိုပြီးသဘာဝကျနေလေရဲ့

Anonymous said...

ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ.....

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...