Wednesday, January 21, 2009

နီးလာတဲ့ အိမ်ပြန်ချိန် (၂၁-၁-၀၉)

ရန်ကုန်ကို ပြန်ရမယ့်ရက် နီးလာပြီ .. အလုပ်ကနေခွင့်ပေးလို့ ၁နှစ်နီးပါးခွဲခွာခဲ့တဲ့ ရန်ကုန်မြေကို ပြန်နင်းရမယ် .. မိသားစုနဲ့တွေ့ရမယ် .. ချစ်သူ ခင်သူတွေနဲ့ တွေ့ရမယ်ဆိုတော့ ပျော်နေတာအရမ်းပဲ .. ပျော်ပြီးအလုပ်တွေလုပ်တာလည်း အမှားချည်းပဲ :D ..
စလုံးကို ၂၀၀၈ခုနှစ် မတ်လ ၁ရက်နေ့က စရောက်တယ် .. ရောက်ပြီး အလုပ်ရရေးအတွက် လုံးပမ်းနေရတယ် .. အဲဒီချိန်ထိ ရန်ကုန်မပြန်ဘူး .. မပြန်ဘူးနဲ့ ကျွေးကျော်နေခဲ့တာလေ .. အကျင့်က တစ်ယောက်တည်းနေရတာကိုနှစ်သက်တယ် .. မိဘတွေနဲ့ ခုလို ဝေးဝေးလံလံ ခွဲဘူးတာလည်း ပထမဆုံးပဲ .. ခရီးထွက်တာက အစ မိဘပါမှ သွားဖြစ်တာ .. သွားလေ့ရှိတာလေ .. တစ်ခေါက်ပဲ သူငယ်ချင်းတွေချည်း ကျိုက်ထီးရိုးတက်ဖူးတယ် .. ရှားရှားပါးပါးတစ်ခေါက်တည်းပဲ ..

အလုပ်ရပြီး စိတ်ချလက်ချ နေနိုင်ပြီဆိုတဲ့အချိန်ကျတော့ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့အတိုင်းပဲ .. နေခွင့်ရပြီဆိုတာသိတော့ ပြန်ချင်တယ် .. အိမ်ကိုလည်းသတိရလာတယ် .. လွမ်းစရာလေးတွေကိုလည်း လွမ်းလာတယ် .. အလုပ်အတွက် ပူတဲ့အပူက လျှော့သွားတာကိုး ..

လေယာဉ်ကွင်းကို အကြောင်းကိစ္စ ရှိလို့ ရောက်တိုင်း အိမ်ပြန်ချင်လိုက်တာ .. ပြန်မယ့်လူရဲ့ သေတ္တာထဲပဲ ခွေခေါက် လိုက်သွားချင်စိတ်ပေါက်တယ် ..

စင်ကာပူကို အဓိပ္ပါယ်ဖွင့်ကြတယ်လေ .. နေပူ ရင်ပူ စင်ကာပူတဲ့ .. တကယ်လည်း ပူနိုင်တဲ့ စင်ကာပူပါပဲ .. နေ့လည်မှာနေကပူလိုက်တာ အပြင်တောင်မထွက်နိုင်ဘူး .. မိုးရွာချင်တော့လည်း ချက်ချင်း .. ပြီးလည်း ပြန်ပူတာပါပဲ .. (ခုချိန် ရန်ကုန်မှာ တော်တော်အေးနေတယ်တဲ့ .. သူငယ်ချင်းတွေကပြောကြတယ် .. ပြန်ရောက်တဲ့ချိန် အအေးကျန်ပါ့ဦးမလားမသိဘူး ..) အလုပ်မရခင်က အလုပ်ရဖို့ ပူရတယ် ပြေးရ လွှားရတယ် .. အလုပ်ရပြီဆိုတော့ pass တင်ဖို့အတွက် ပူရပြန်ရော .. pass ကျပြီဆိုပြန်တော့ လုပ်ငန်းခွင်ဝင်တယ် .. လုပ်ငန်းခွင်မှာ အလုပ်နဲ့ပတ်သက်တာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်ပြီး ရင်ပူရပြန်ရော .. နာမည်ကိုက ပူနေတော့လည်း လာသမျှလူ ပူရတော့တာပဲလားမသိပါဘူး ..

ဘာပဲပြောပြော ပျော်ရာမှာ မနေရ တော်ရမှာနေရဆိုတာလိုပဲ ကိုယ့်လမ်းကိုယ်ဆုံးအောင်တော့ လျှောက်ရဦးမှာပါပဲ ..

လာမယ့် စနေမှာ အိမ်ပြန် အလွမ်းသယ်ရမယ့် အရေးတွေးပျော်နေပါတယ် .. ရတဲ့ခွင့်က ၂၄ရက်ဆိုတော့ ဘာပဲဖြစ်ဖြစ် နေပျော်တယ်ပဲ ဆိုရမှာပေါ့ .. တကယ်တော့ မလောက်ပါဘူး .. ဒီထက်များများရချင်သေးတာ .. ခုတော့လည်း ရသလောက်လေးနဲ့ပဲ တင်းတိမ်ရမှာပေါ့ ..

အတွေးတွေနဲ့ပျော်မိတယ်
ကိုယ့်နေရာကိုယ်ခဏပြန်ခွင့်ရချိန်
ချစ်သူခင်သူတွေနဲ့ ခဏပြန်ဆုံချိန်
ခုမှတန်ဖိုးထားတတ်လာတဲ့ ခဏဆိုတဲ့ အချိန်

13 comments:

ရှင်ရဲထွတ် said...

ခုလိုအလုပ်ပါးနေတဲ့အချိန်အိမ်ပြန်နားတာကောင်းပါတယ်။ ကျိုတ်ထီးရိုးရာသီနဲ့အတော်ပဲ။

Welcome said...

မွန်းကြပ်နေတဲ့ လူနေမှုဘ၀နဲ့ လုပ်ငန်းခွင်ကနေ အနားယူဖို့ ပြန်လာခဲ့ပါ။ ဒီမှာကတော့ ဘာမှ မရှိဘူး။ မရှိဆို ငြိမ်းချမ်းတယ်။ ငြိမ်းအေးဆို ဘာမှမရှိလို့ပါ။ ပျော်စရာတွေ .. ..

အောင်မြေ said...

ပျော်ရွှင်နိုင်ပါစေ.....

ရွှေညာသူ said...

အိမ်အပြန်ကို ကြိုဆိုနေပါမယ်

choco thazin said...

အိမ်ရောက်ရင် အိမ်ထမင်း အိမ်ဟင်းတွေ တဝကြီးစားခဲ့နော်...
အိမ်အပြန်လက်ဆောင်တွေ သယ်လာရင်လည်း စိတ်မဆိုးဘူးသိလား...ဟီး :)

tg.nwai said...

ပျော်ရွှင် နွေးထွေးတဲ့ အိမ်အပြန်ခရီးလေး ဖြစ်ပါစေနော်..

ဇင်ယော် said...

အိမ်ပြန်ပြီး အပြတ်သောင်းကျန်းတော့မယ်ပေါ့လေ။ အားကျပါ့ဗျား ဒေသထွက် အစားအသောက်တွေ အ၀အပြဲ စားလာခဲ့ဟေ.။

မိုးခါး said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေ .. အစားတွေလည်းဝအောင်စားမယ် .. လျှောက်လည်း လည်မယ်း)) အဲဒါတွေတော့ စိတ်ချ :P

ပြာသို said...

ပျော်စရာ အိမ်ပြန်ခရီးလေးဖြစ်ပါစေ မိုးခါး =)


မောင်မျိုး

လင်းထက် said...

အိမ်အပြန်ခရီးမှာ ပျော်ရွှင် စရာအတိ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ညီမရေ..။

Banyarshein said...

ချစ်သူခင်သူနဲ့ တွေ့ရမယ်တဲ့ ခင်သူက ဟုတ်ပါပြီး ငါအကုန်သိတယ် ချစ်သူက ဒူလေးတုန်း သိချင်တယ်
ငါမဟုတ်တာတော့ သေချာတယ်နော် ငါ့ကို ဆွဲမထည့်နဲ့ ဟိဟိ ဟဲဟဲ

မိုးခါး said...

ခုလိုအားပေးတာကျေးဇူးတင်ပါတယ် :D ..

နွေးနေခြည် said...

တခါမှ မပြန်ဖူးသေးဘူးး(

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...