ညီမလေးတစ်ယောက်ပို့ပေးတဲ့မေးက ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို ပြန်တင်လိုက်တာပါ .. ကျမက ကြောင်လေးတွေကိုချစ်တတ်ပါတယ် .. အမြဲတော့မဟုတ်ဘူး .. ချစ်ချင်တဲ့အချိန် ချစ်ဖို့ကောင်းတဲ့ ကြောင်လေးတွေကို ချစ်တတ်ပါတယ် .. အောက်ကပုံလေးတွေကလည်း ကျမစိတ်ထဲ ချစ်စရာလေးဖြစ်နေလို့ တင်လိုက်တာပါ ..
Scroll Box လေး တင်နည်းလေးကိုပါ စမ်းသပ်ကြည့်လိုက်တာပါ ..း)
6 comments:
အိပ်ချင်တဲ့ စိတ်ကို မြိုသိပ် မထားနိုင်တော့
ကြုံသလို ကြံ၂ဖန် အိပ်ရတယ်လို့ .. ..
ဒါပေမယ့် ချစ်စရာလေးပါ။
ကြောင်ကလေးတွေက ချစ်ဖို့တော့ ကောင်းတယ် အကျင့်တော့မကောင်းဘူး။
ရှင်ရဲထွတ်ကလည်း အကျင့်ကောင်းတဲ့ကြောင်လေးတွေလည်းရှိပါတယ် ..း) ဒါပေမယ့် ကြီးလာရင်တော့ မွေးကာစလို ချစ်ဖို့မကောင်းတာတော့ အမှန်ပဲ .. လူတွေလိုပေါ့နော် :D
အဲဒီကြောင်လေးတွေလို အပူအပင်မရှိပဲ စိတ်အေးလက်အေး အားရပါးရ အိပ်လိုက်လို့ ကတော့ ဇိမ်ပဲကွာ။ ( ဒါပေမယ့် တစ်ကောင်လို ကားဘီးပေါ်တော့ တက်မအိပ်ချင်ဘူး :P )
သူတို့လေးတွေအိပ်စက်ပုံလေးတွေက အရမ်းကို အပြစ်ကင်းပြီးချစ်ဖို့ကောင်းစရာလေးတွေ....။ တိရစ္ဆာန်လေး တွေ က သနားဖိုးကောင်းတယ်နော်...။
တော်တော်ကမြင်းတဲ့ကြောင်တွေပါလား..
ချစ်ဘူး.. ကြောက်တာ။
Post a Comment