Sunday, January 11, 2009

မေကြီးအမှတ်တရ

မေကြီး
သမီးအကျင့်အတိုင်း ဘယ်နေ့ဟာ ဘာနေ့ဆိုတာ ခုထိမသိတတ်သေးပါဘူး .. သတိမထားတတ်သေးပါဘူး .. ဒီနေ့မနက် သူငယ်ချင်းဆီက message ၀င်လာတယ် .. ဒီနေ့ ပြာသိုလပြည့်နေ့ အမေများနေ့တဲ့ ..

------------------
အမေတဲ့ စာလုံးလေးနှစ်လုံးနောက်မှာ အဓိပ္ပါယ်တွေ သက်ရောက်မှုတွေ အများကြီး ..
အမေတဲ့ စာလုံးလေးနှစ်လုံးနောက်မှာ တာဝန်ယူမှုတွေ မေတ္တာတရားတွေ အများကြီး ..
အမေတဲ့ စာလုံးလေးနှစ်လုံးနောက်မှာ သားသမီးအတွက် ပူပန်မှုတွေ စိုးရိမ်မှုတွေ အများကြီး ..
အမေတဲ့ စာလုံးလေးနှစ်လုံးနောက်မှာ သောကတွေ မျှော်လင့်ချက်တွေ အများကြီး ..

ဒီနေ့ အမေများနေ့မှာ သမီးတစ်ယောက်အနေနဲ့ အမေ့ကို သားသမီးတွေနဲ့ အတူ နှစ်တွေ အကြာကြီး အတူနေနိုင်ဖို့ .. ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး သာသနာပြုနိုင်ဖို့ သမီး ဆုတောင်းပေးပါတယ် ..
စိတ်မှန်းနဲ့ပဲ ကန်တော့လိုက်ပါတယ် ..း)

PS. လိမ္မာတယ်နော် :D

2 comments:

မီးမီးငယ် said...

အိမ်လေးကလှတယ်နော်

ကဗျာလေးကိုခံစားသွားပါကြောင်း
း)

ခေါင်ခေါင် said...

လိမ္မာပါတယ်..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...