အတွေးတွေက လမ်းတစ်ဝက်မှာ ပျောက်ပျောက်သွားတယ် .. ကိုယ့်စိတ်ကို ဖမ်းမမိဘူး .. စိတ်တွေကလည်း ရှုပ်ထွေးလို့ .. စိတ်တွေက လေလွင့်နေတယ် .. လေလွင့်နေတဲ့ စိတ်နောက်ကို လိုက်သွားရင်း ညတွေက ပိုနက်လာတယ် .. ရှေ့ဆက်တိုးရင်း လာရာလမ်းက ပျောက်ဆုံးပြန်တယ် .. လမ်းဆုံးများတွေ့မလား ရှာဖွေရင်း မူရင်းနေရာနဲ့ ပိုမိုဝေးကွာသွားတယ် .. ကြောက်လန့်ခြင်းက စိုးမိုးနေတယ် ..
ဟိုမှာ အလင်းတစ်စက် .. အလင်းစက်တွေ့တော့ အလင်းနောက်ကို ကယောင်ခြောက်ခြားပြေးလိုက်မိတယ် .. လိုက်လေဝေးလေ .. ခြေလှမ်းတွေ မြန်လာရင် အလင်းသွားနှုန်းက ပိုမြန်တယ် .. အရှိန်တိုးပြီး ပြေးလိုက်မိတော့ အလင်းက အရှိန်နဲ့ ဟိုးအဝေးကို လွင့်ထွက်သွားတာမြင်လိုက်တယ် .. ဒီအလင်းက ငါ့ဘ၀အတွက် တစ်ခုတည်းသောအလင်း .. အခြားအရာတွေ အကုန် ခပ်နက်နက်ပဲမြင်ရတယ် .. ဒီအလင်းသာမရှိတော့ရင် .. ငါ့ကမ္ဘာဟာ မှောင် အတိပဲ ..
ပြေးလိုက်တယ် .. ပြေးလိုက်တယ် .. လိုက်လေဝေးလေပဲ .. မှောင်ရာက နက်လာတယ် .. မြင်လိုက်ရတဲ့ အလင်းနောက်ကို ပြေးလိုက်နေရင်း တစ်နေရာမှာ ခြေထောက်တွေ ခွေယိုင်ကျသွားတယ် ..
မောတယ် .. မောတယ် .. တစ်ခုတည်းသော အလင်းစက်လည်း မရှိတော့ဘူး .. အခုတော့လည်း ဘ၀က နက်သထက်နက် .. လမ်းဆုံးတွေ့ဖို့ကလည်း စမ်းတ၀ါးဝါး .. လာရာလမ်းကို ပြန်ရှာတော့လည်း ၀င်္ကဘာအမှောင်ထဲမှာ တ၀ဲလည်လည် .. ပတ်ဝန်းကျင်ကိုကြည့်တော့ မှောင်အတိ .. ခု ငါ့ကမ္ဘာမှာ ငါတစ်ယောက်တည်း ..
1 comment:
မိုးခါးရေ အမှောင်ပြီးရင် အလင်းရောက်တယ်တဲ့
မကြာခင်ရောင်နီလာတော့မှာပါ
အဆင်ပြေပျော်ရွှင်ပါစေနော်
Post a Comment