Thursday, February 19, 2009

တန်ဖိုးထားကြေး

ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြတယ်
အချိန်တန်တော့လည်း ခွဲခွာချိန်ကို ကြုံတွေ့ရတာပဲ ..

ခွဲရမှာသေချာနေမှတော့
တွေ့ဆုံချိန်တွေကို တန်ဖိုးထားရအောင် ..

တကယ်ခွဲရချိန်ရောက်ပြီဆိုရင်လည်း
နောင်တမရှိ အမုန်းမရှိပဲ
ခပ်ပြုံးပြုံး လမ်းခွဲကြမယ်လေ ..

8 comments:

ဝှိုက်ဝှိုက် said...

နောင်တမရှိ အမုန်းမရှိပဲ
ခပ်ပြုံးပြုံး လမ်းခွဲကြမယ်လေ ..
ကဗျာလေးကောင်းတယ် :)

ဝလုံးဝိုင်းဝိုင်း said...

နောင်တတွေ ကျော်လွန်ပြီး ခပ်ပြုံးပြုံးလေး လမ်းခွဲမယ်လား။ လွယ်တော့ သိပ် မလွယ်လောက်ဘူး။ :D

မီးမီးငယ် said...

ခပ်ပြုံးပြုံးလေး လမ်းခွဲနိုင်အောင် မလုပ်နိုင်သေးပါဘူး
း)

ကောင်လေး said...

ကောင်းလိုက်တဲ့ကဗျာလေး..။ တွေ့ဆုံကြုံကွဲက ဓမ္မတာဘဲလေ..။အရာရာကို ပြုံးပြုံးလေး သာ ရင်ဆိုင်ရမှာပေါ့လေ...။

မိုးသောက်(ရှမ်းလေး) said...

အင်း.... လူလောကအကြောင်းကို တရားအမြင်နဲ့ ကြည့်ထားတယ်ပေါ့....

Welcome said...

တင်ကြိုမျှော်တွေးထားတာလေးကို
ကဗျာအဖြစ်နဲ့ ဖန်တီးထားလို့
ဖတ်လို့ကောင်းတယ်။

မင်းသက်ပိုင် said...

ခွဲရမှာ သေချာနေတော့မှ အားပါးပါး
နိမိတ်ပုံတွေက ရင်တောင်တုန်တယ်ဗျာ
အားပေးလျှက်ပါ

ကဗျာမလေး said...

ဟုတ်တယ် ..... တန်ဖိုးထားနိုင်ကြရင် သိပ်ကောင်းမယ်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...