Tuesday, February 17, 2009

ကုန်လွန်ခဲ့သော အိမ်ပြန်ချိန်

ရန်ကုန်ပြန်ဖို့ ခွင့်ရတုန်းက ပြန်ရမယ့် ရက်တွေကို လက်ချိုးရေတွက်ရင်း ရင်ခုန် ပျော်ရွှင်ခဲ့ရတယ် .. ခုတော့လည်း ၂၄ရက်တာကာလကို ကျော်လွန်လို့ တော်ရာနေရာကို ပြန်လာရပြန်ပြီလေ ..


ရန်ကုန်ကို ပြန်ဖို့ရက်တွေ နီးလာလေလေ စိတ်ထဲမှာလည်း အတွေးတွေ စိတ်ကူးတွေနဲ့ ပျော်ရွှင်နေခဲ့တယ် ..

လှေကားက ဆင်းဆင်းချင်း ပျော်ရွှင်နေတဲ့ ဖေကြီးနဲ့ မေကြီး မျက်နှာကို မြင်လိုက်ရတယ် .. ကျမရင်ထဲမှာလည်း အပျော်တွေအပြည့်ပေါ့ .. လေယာဉ်ကွင်းက အိမ်ကိုပြန်ပြီး အိမ်မှာ ချက်ထားတဲ့ ထမင်းနဲ့ဟင်းတွေတောင် မစားနိုင်ဘူး .. အပျော်လွန်ပြီးတော့လေ ..
သူများနိုင်ငံတွေ ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ခေတ်မှီမှီ ကိုယ့်နိုင်ငံကို ပြန်ပြီး မိဘရင်ငွေ့လှုံရတဲ့အရသာနဲ့ ဘယ်ဟာမှ မယှဉ်နိုင်ဘူးနော် ..

ရန်ကုန်ရောက်ပြီး နောက်တစ်ပတ် စနေနေ့မှာပဲ သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးတက်ခဲ့တယ် .. ပျော်လိုက်တာ .. တောင်ကိုးလုံးပတ်တဲ့နေ့ကတော့ လူတွေလည်း လူရုပ်မပေါက်ဘူး .. ဒါပေမယ့် မပင်ပန်းဘူး .. သွားနေနိုင်တာပဲ .. ကျိုက်ထီးရိုး ၂ညအိပ် ၃ရက်ခရီးကလည်း အကုန်မြန်လိုက်တာ ..

ကြားရက်တွေမှာတော့ အိမ်မှာနေလိုက် သူငယ်ချင်းတွေဆီ လျှောက်လည်လိုက် မှာလိုက်တဲ့ပစ္စည်းတွေ လိုက်ရှာလိုက်နဲ့ အချိန်တွေကုန်ခဲ့တယ် .. စားချင်တာတွေ စားတာလည်း ပါတာပေါ့ .. စိတ်ရှိလက်ရှိတော့ မစားလိုက်ရဘူး .. စားမယ်အားတင်းထားသမျှ ဟိုရောက်တော့ အပျော်တွေလွန်ပြီး မစားနိုင် မသောက်နိုင်ဖြစ်နေတာလေ .. နဲနဲတောင် ပိန်သွားတယ် .. :P

နောက်တစ်ပတ်မှာတော့ မောင်လေးရှိတဲ့ ပြင်ဦးလွင်ကို ဖေကြီးနဲ့ မေကြီးနဲ့ အတူ သွားခဲ့တယ် .. ၁ညပဲ အိပ်ပြီး မောင်လေးနဲ့ တွေ့ပြီးတာနဲ့ ပြန်ခဲ့တယ် ..

ပြည်ထောင်စုနေ့မှာတော့ လူကြီးတွေလည်းရုံးပိတ်လို့ ညနေဖက် အကင်တွေလုပ်စားကြတယ် ..

ရန်ကုန်မှာနေတဲ့ ၃ပတ်အတွင်း သောကြာ နှစ်ရက် ဘုရားတက်ဖြစ်တယ် .. ပြန်ဖို့မတိုင်ခင်တစ်ရက်မှာ စွယ်တော်မြတ်စေတီသွားဖူးခဲ့တယ် .. နေ့လည်မှာ အိမ်မှာ အသုပ်စုံ သုတ်စားကြတယ် ..

16ရက်နေ့ တနင်္လာနေ့မှာတော့ မပြန်ချင်ပြန်ချင်နဲ့ လေယာဉ်ကွင်းဆင်းပြီး ပြန်ခဲ့ရတယ် ..

အချိန်တွေရယ် အကုန်မြန်လိုက်တာ .. ကုန်သွားပေမယ့် ကျန်ခဲ့တဲ့ ပျော်စရာအချိန်တွေကိုပဲ လွမ်းနေရတော့မှာပေါ့ .. မပြန်ရခင်ကတော့ အချိန်တွေအများကြီးလိုနဲ့ ခုတော့လည်း ကုန်ဆုံးသွားပြန်ပြီ .. ပြန်ဖို့ရက်ကို လက်ချိုးရေတွက်နေခဲ့ပေမယ့် ခုတော့ ဒီရက်တွေအားလုံးဟာ အတိတ်ဖြစ်သွားပြန်ပြီ ..

အချိန်တွေ အကုန်မြန်တယ်
ဒါပေမယ့် ပျော်ပါတယ်
ပျော်ခဲ့တဲ့အချိန်တွေကိုလွမ်းနေတယ်

2 comments:

ကောင်လေး said...

သူများတွေလို အိမ်ပြန်အလွမ်း တွေကို အားကျတယ်..။ ဘယ်တော့မှ အိမ်ကိုပြန် နိုင်မလဲ..ဘယ်တော့မှ အဲလို ပို့စ်လေး တွေ ရေးနိုင်မလဲ မသိတော့ ပါဘူး...။

နေဒေးသစ် said...

အိမ်လွမ်းနေတဲ့သူ တစ်ယောက်အတွက် တစ်ခြားသူတစ်ယောက်ရဲ့ အိမ်ပြန်ချိန်ကို မျှော်ကြည့်ရတာ ပျော်ဖို့ ကောင်းလိုက်တာဗျာ ... ကျွန်တော်လည်း အိမ်ပြန်ချင်တယ် ...
နေဒေးသစ်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...