Thursday, February 26, 2009

ရင်ထဲက အလွမ်း

မျက်ဝန်းထဲမှာ တွေ့ခဲ့တယ်
ငါတို့ရဲ့ အချစ်တွေ

ပုခုံးချင်း အတိုက်မှာ ခံစားရတယ်
ငါတို့ရဲ့ ရင်ခုန်မှုတွေ

လက်ဝါးနှစ်ခု ဆုတ်ကိုင်စဉ် ခံစားရတယ်
ငါတို့ရဲ့ ကြင်နာချင်းတွေ

နှုတ်က စကားတို့မှ သိခဲ့ရတယ်
ငါတို့ရဲ့ မျှော်လင့်ချက်တွေ

စစမြင်လိုက်ရတဲ့
မျက်ဝန်းတွေကိုလွမ်းတယ်

လမ်းတွေပေါ် ပုခုံးချင်းယှဉ်ပြီး
ယှဉ်တွဲလျှောက်ခဲ့တာတွေလွမ်းတယ်

တစ်ယောက်လက် တစ်ယောက်ဆုတ်ကိုင်ထားတဲ့
အချိန်တွေကို လွမ်းတယ်

တီးတိုးပြောခဲ့တဲ့
စကားသံတွေကိုလွမ်းတယ်

ခု အလွမ်းတွေ ရင်ထဲပြည့်နေတယ်
ငါ .. သိပ်လွမ်းတယ် ..

3 comments:

ရှင်ရဲထွတ် said...

မိုးခါးရေ သတိရတတ်တဲ့သူတွေ တော်တော်များများဟာ အလွမ်းကို မိတ်ဆွေဖွဲ့ တတ်တယ်။

Welcome said...

ချစ်ခြင်းရဲ့ အဖြေ..
ချစ်တယ်==>ရင်ခုန်တယ်==>ကြင်နာမယ်==>
လွမ်းတယ်။

ဆောင်းနှင်းရွက် said...

တဲ
တဲ
တဲ ကို
လွမ်းတာလားးး ... :D

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...