Saturday, February 28, 2009

မနီးစပ်ခြင်း

ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်နဲ့
ဝေးသွားလိုက်နီးသွားလိုက်

ငါ့လုပ်ရပ်တွေက ငါ့စိတ်ကူးတွေနဲ့
ထပ်တူကျလိုက် မကျလိုက်

ငါ့အပြုံးတွေက ငါ့ခံစားမှုကိုလိုက်ပြီး
ပီပြင်လိုက်ေ၀၀ါးလိုက်

ငါ့စိတ်ကူးတွေက ငါ့အိမ်မက်မှာ
ပေါ်လာလိုက် ပျောက်ကွယ်လိုက်

ရီမောသံတွေက ငါ့နားစည်မှာ
ကျယ်လာလိုက် တိုးသွားလိုက်

ငါ့စိတ် ၀ိညာဉ်ဟာလည်း
နင့်အနားကို ရောက်သွားလိုက်
ဝေးလွင့်သွားလိုက်နဲ့
နီးမလိုနဲ့ ဝေးဝေးသွားတယ် ..

No comments:

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...