Thursday, August 20, 2009

ပန်းတပွင့်



တချိန်ချိန်မှာတော့ ပန်းတပွင့် ပွင့်ခဲ့မှာပါ .. ပိုင်ဆိုင်ဖူးပါမယ် .. ပိုင်ဆိုင်ဖို့ ကြိုးစားဘူးပါမယ် .. ငါကိုယ်တိုင်ကတော့ ဆုံးရှုံးဖို့ပါ ပြင်ဆင်နေခဲ့သေးတယ်လေ .. မျှော်လင့်ခြင်း တဖက်နဲ့ပေါ့ ..

ပန်းပွင့်လေး ဖြစ်မလာခင် ပန်း အဖူး အငုံလေး ဘ၀တည်းက ဘယ်တော့ ပွင့်လာမလဲဆိုတဲ့ ရင်ခုန် မျှော်လင့်ခြင်းမျိုးနဲ့ စောင့်စားခဲ့တာပဲလေ .. ဒါဟာ ပန်းပျိုးမိသူ ဥယျာဉ်မှူး တယောက်ရဲ့ ရင်ခုန်ခြင်းမျိုး ..

ပန်းပွင့်လေးအတွက် ကြိုရင်ခုန်တယ် .. မှန်းဆ ပုံဖော်မယ် .. လှပခြင်းနဲ့ ရနံ့တွေနဲ့ ပြည့်စုံနေမယ့် ပန်းလေးတပွင့် .. အိမ်မက်တွေ မက်ရင်းတောင် ပြုံးနေမိလေရဲ့ ..

ပန်းလေး မပွင့်လာသေးပါဘူး .. ပန်းလေးပျိုးရုံရှိသေးတယ် .. ပန်းလေးအတွက် ပျော်ရွှင် ကြည်နူးနေမိတယ်လေ .. တဆက်တည်းမှာပဲ .. ဒီပန်းလေးက ကိုယ့်ရင်ထဲမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မှာပါလိမ့် .. ပိုင်ဆိုင်နိုင်ခွင့်ရော ကိုယ်တိုင် ရနိုင်ပါ့မလား .. ဆုံးရှုံးသွားခဲ့ရင်ရော ..

ပျော်ရွှင်စွာ မက်နေတဲ့ အိပ်မက်ကနေ နိုးထဖူးသလို .. အိပ်မက်ဆိုးလို့ခေါ်မလား ဆုံးရှုံးရတယ်လို့များ အိပ်မက် မက်ခဲ့မိပြန်ရင် အိပ်မက်ထဲ ပျောက်ဆုံးသွားခဲ့ရင် မျက်ရည်များနဲ့ လှိုက်မောစွာနဲ့ နိုးထရပြန်ပါတယ် .. ဒါဟာ အရင်းအနှီး ဆိုမလား .. ဒီပူလောင်မှုတွေကို ငါ ကိုယ်တိုင်ကလွဲလို့ ဘယ်သူသိနိုင်ဦးမလဲ .. တဦး တယောက်ကရော နားလည် ခံစားပေးနိုင်ပါ့မလား .. ကြင်နာစွာ နားလည်ပေးမယ့်သူနဲ့ ဟားတိုက် လှောင်ရီနေမယ့်သူ ဘယ်ဦးရေက ပိုများလိမ့်မလဲ .. မရီကြပါနဲ့ .. ဒါဟာ ကိုယ်တိုင် ကြုံတွေ့ပြီး ကျော်ဖြတ်နိုင်ခဲ့ပြီဆိုမှ ပြုံးရီကြပါ .. မချိပြုံးနဲ့တော့လည်း မရီမိစေနဲ့ဦးပေါ့ ..


ပန်းလေး ရှင်သန်မှုအတွက် ရှင်သန်နေစဉ် ကာလအတွက် အမြတ်အစွန်း မမျှော်လင့်ပေမယ့် ပိုင်ဆိုင်ချင်စိတ်တော့ ရှိခဲ့သည်ပေါ့ .. ရင်ခွင်ထဲ ထည့်သိမ်းထားရုံပါပဲ .. မထိခိုက် မနာကျင်စေရပါဘူး .. ဆူးတွေရှိနေရင်တောင် ငါ ပိုင်ဆိုင်ချင်နေဦးမှာ .. ဆူး ဆူးချင် ဆူးပါစေ ..

မျှော်လင့်ချက် အိပ်မက်တွေ ထားမိလေလေ ပူလောင်မှုတွေ ပိုတိုးလေလေ .. ဒါကို ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး .. ယုယု ယယ မျှော်လင့်တကြီး ဆက်ပြီး ပျိုးနေမိတယ် ..

ပန်းပွင့်လေး မျက်တောင်တချက်ခတ် အကြည့်မှာ ရင်ခုန်မှုတွေ ဘယ်လောက်ရင်းလိုက်ရမလဲ .. ပျော်ရွှင်ရမှုတွေအတွက် ကျေးဇူးတင်ပါတယ် ငါ့အတွက် ဆုလာဘ်လေးရေ ..

မနက်ဖြန် မနက်အတွက် မျှော်လင့် ရင်ခုန်မှုမျိုးနဲ့ နိုးထရဦးမယ် ..

မျက်စိအောက်က အပျောက်မခံချင်ခဲ့ပါ .. မျက်တောင် မခတ်ပဲ ကြင်နာစွာ ကြည့်ရှုချင်နေခဲ့တယ် .. နေရောင်လာရင် ကွယ်ပေးမယ် .. မိုးဖွားကျရင် ကာပေးမယ် .. အမှိုက်သရိုက်တွေ ရှင်းလင်းပေးမယ် .. ပိုးကောင်မွှားကောင်တွေရန်က ကာကွယ်ပေးချင်တယ် .. ဒီပန်းလေး အပြစ်ကင်းကင်း လှနေနိုင်အောင်ပါ ..

တရေးတော့ အိပ်ဦးမယ် ..

မနက်မိုးသောက် အလင်းရောက်ချိန်ထိ ရင်ထဲမှာ ရှင်သန်နေပါစေ .. ပျောက်ဆုံးခြင်း အိပ်မက်ဆိုးနဲ့ မနိုးထပါရစေနဲ့ ..

-----------------

ကိုရွာသားတဂ်တဲ့ ရင်ထဲက ပန်းပွင့်လေးပါ .. ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် .. စာက ခုတလော တော်တော်လေးကို ရေးစရာ ရှာမရ ဖြစ်နေတာပါ .. ကိုရွာသားတဂ်မှပဲ ရေးထွက်ပါတော့တယ် .. ကြိုးစားပမ်းစားရေးလိုက်တာပါ .. မကောင်းလည်း သည်းခံဖတ်ပေးပေါ့နော့ .. :D ပျင်းမှာစိုးလို့ သီချင်းပါ ရှာထည့်ပေးထားပါတယ် .. :P


18 comments:

ဆောင်းနှင်းရွက် said...

မ မေသဲ ရေ ..!

ဒီပို့စ် လေး ကို အရမ်းကြိုက်တယ် ကွယ် ..။

ကြိုက်လွန်းလို့ ခေါက်တုံ့ ခေါက်ပြန် ဖတ်သွားတယ် ..>>>

မိုးစက်အိမ် said...

ပန်းတပွင်. ကို ဖန်ဆင်းသွားတဲ.
အရေးအသားတွေက ကောင်းတယ်ဗျာ
မရေးတာကြာလို.နဲ.တူတယ်ဗျာ ... ခုမှ မူ.
အပြည်.နဲ. ထရေးလိုက်မဲ.ပုံဘဲ :)

လင်းကြယ်ဖြူ said...

ပန်းလေးတစ်ပွင့်ဖန်ဆင်းပေးခဲ့သူ...ပေါ့..လေ..
ပျော်ပါစေ သူငယ်ချင်းရေ

ကိုလူထွေး said...

သီချင်းကမကောင်းဘူး။ စာကကောင်းတယ်...
အဲဒါကြောင့် အသံပိတ်ပြီး စာဖတ်ပစ်လိုက်တယ်။

းဝ)

yangonthar said...

ကောင်းတယ်ဗျို့ ကျနော်လည်းတက်ဂ်ပိုစ့်ရေးရမှာမို့  စနည်းနာ ထွက်ရင်း ဒီအိမ်လေးမှာ အရသာကောင်းတဲ့ စာတစ်ပုဒ် ဖတ်သွားရတယ်
အေးမြသာယာပါစေ :D

Unknown said...

မိုးခါးလေးရေ...

ပန်းလေးတပွင့်....
ဖတ်နေရင်း ဆုံးသွားမှာကိုတောင် စိုးရိမ်လာတယ်...
ကောင်းတယ်ဗျာ... ဆွဲဆောင်မှုရှိတယ် စကားလုံးတိုင်း...

ပန်းလေးရေ ထာဝရလန်းဆန်းပါစေ
ဒါပေမယ့် ပြုစုပျိုးထောင်ပေးဖို့တော့လိုမယ်နော်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

Anonymous said...

ပန်းလေးတစ်ပွင့် ဖန်ဆင်းဖို့
အင်း ခက်သားလားနော်
အိပ်မက်ဆိုးတွေ မဟုတ်ပါစေနဲ့ မခါးခါးရေ
တခုတ်တရရေးပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။ ဖတ်လို့ကောင်းပါတယ်ဗျာ

တောင်ပေါ်သား said...

း) ရေးရဦးမယ်ဝေးးး ခံစားကြည့်သွားတယ်ဗျာ... အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ ပန်းဆိုတာကတော့ အချိန်တန်တော့လဲ ပန်းသဘာဝ အရ ပျက်သုန်းသွားရတာပါပဲ

လေးစားလျက်
တောင်ပေါ်သား

မေလေး said...

မိုးခါးရေ
မျှော်လင့်ချက် အိပ်မက်တွေ ထားမိလေလေ ပူလောင်မှုတွေ ပိုတိုးလေလေ .. ဒါကို ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး .. ယုယု ယယ မျှော်လင့်တကြီး ဆက်ပြီး ပျိုးနေမိတယ် ..
စာသားလေးတွေ ကောင်းလိုက်တာ သူငယ်ချင်း
အိပ်မက်လေး အကောင်အထည် ပေါ်လာတော့မှာပါ။
ဆက်သာပျိုး သူငယ်ချင်း
ပျော်ရွှင်ပါစေ။

kaungkinpyar said...

တို့လဲ မိုးခါးလေးရဲ့ ပန်း တပွင့်ကို ခံစား လေ့လာသွားတယ်၊ ရေးဖို့ တော်တော် ဦးနှောက် ခြောက်နေတယ်

ဝက်ဝံလေး said...

ပန်းတပွင့်လေး လေ့လာသွားပါတယ် မမခါးရေ အချစ်ဟာခါးခါး (ဟိဟိ ဘာရယ် မဟုတ် ဆိုကြည့်တာ)

ကောင်းတယ်နော် ဘယ်လိုအိုင်ဒီယာနဲ့များ ရေးလဲဟင် သိချင်ထှာ ကဲ အခုတော့ လိမ့်လိုက်ဦးမယ် ရွေ ဘိုင်

JulyDream said...

တရေးအိပ်လို့ နိုးလာပြီလာ ဟင်...

Libratun said...

:) that's great.

အပြုံးပန်း said...

ပန်းတစ်ပွင့်ကို ဘယ်လိုဖန်ဆင်းသလဲလို့လာဖတ်ပါတယ် မိုးခါးရေ။
ဥယာဉ်မှူးမိုးခါးရဲ့ ခြံထဲမှာ ပွင့်မယ့်ပန်းဆိုရင် သိပ်လှမှာပဲ။

မေဇင် said...

မမမိုးခါးရေ........ အဲ့ဒီ ပန်းပွင့်လေး ကံကောင်းလိုက်တာနော်.... ဒီလို ဥယာဉ်မှုးလေး ရှိတယ်...။

သီဟသစ် said...

ညီမ မိုးခါးရေ

ပန်းလေးတပွင့် ထာဝရ လန်းဆန်းပါစေကြောင်း ဆုတောင်းပေးသွားပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

chocothazin said...

မိုးခါးရေ လက်ရည်တက်နေပြီနော်။
အားပေးနေပါတယ်။ အခုတလော အလုပ်ရှုပ်နေလို့ အခုမှ ပို့ စ်အဟောင်းတွေ ပြန်လိုက်ဖတ်နေရတယ်။

Anonymous said...

ညီမလေးရဲ့ ပန်းတပွင့်ကို လာရောက် ခံစားသွားတယ်နော်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...