Wednesday, September 9, 2009

ကျမနှင့် ပထမဆုံးများ

မိခင်

ကျမ ဘာအာရုံခံစားမှုမှ မသိခင်တည်းက မိခင်ရဲ့ ၀မ်းထဲမှာ နေရင်း ချက်ကြိုးကတဆင့် အာဟာရတွေကို ရယူဖူးလိမ့်မယ် .. ဒါကြောင့် အမေက ကျမအတွက် ပထမဦးဆုံး ထိတွေ့ ခံစားမိတဲ့သူ .. အမေ့ ၀မ်းထဲမှာ ၈လ ၉လလောက် သယ်ဆောင်ခိုင်းပြီး ဒုက္ခ ပေးဖူးမယ့် ကျမပေါ့ ..

မျက်ရည်

အမေ့ဝမ်းက ကျွတ်ပြီဆိုတော့ နပ်စ်မ အဒေါ်ကြီးက ကျမကို မငို ငိုအောင် လုပ်လိမ့်ဦးမယ် .. ကျမကို ဇောက်ထိုးထားပြီး တင်ပါးကို ခပ်စပ်စပ် ရိုက်တယ်တဲ့လေ .. ဒီတော့ ကျမ တ၀ါးဝါးနဲ့ အော်ငိုပြီပေါ့ .. ဒါကြောင့်မို့ ကျမ မျက်ရည်ဆိုတာကို ပထမဆုံး သိရှိခဲ့လိမ့်မယ် .. နောက်ပိုင်းလည်း အလိုမကျရင် အလိုမကျသလို မျက်ရည် သွင်သွင်ကျဖူးလိမ့်မယ် .. ငယ်ငယ်ကတော့ လိုချင်တာရဖို့ ဒီမျက်ရည်ပဲ အားကိုးရလိမ့်မယ် ..

ဖခင်

အဖေကတော့ မွေးခန်း အပြင်ကိုရောက်မှသာ ကျမကို ချီပိုးလိမ့်မယ် .. ပြီးတော့ ပျော်ရွှင် ကျေနပ်နေမယ့် မျက်ဝန်း ပြုံးရွှင်နေမယ့် နှုတ်ခမ်း အစုံနဲ့ပေါ့ .. များသောအားဖြင့် အဖေတွေက အဖေရယ်လို့ စစဖြစ်ချင်း ကလေး သေးသေးလေးတွေကို မချီတတ် မပိုးတတ်ကြပေမယ့် ကျမ အဖေက အရင်တည်းက ကလေး ချစ်တတ်သလို တူမတွေကို ထိန်းကျောင်းနေခဲ့လို့ ကျမအလှည့်မှာတော့ လွတ်ကျမှာ မစိုးရိမ်ရလောက်ပါဘူး .. :D ကျမအတွက် ပထမဦးဆုံး ထိတွေ့ တော်စပ်ရတဲ့ သွေးသားရင်းချာ ယောကျာ်းသား ပြီးတော့ တဦးတည်းသော ဖခင် ..

မနာလိုခြင်း

အမေက ကျမအတွက် မောင်လေးတယောက် မွေးပေးမယ်တဲ့ .. ကျေနပ်ရမှာလား .. ဒီခံစားချက်ကို မနာလိုဖြစ်တယ်လို့ ခေါ်တယ်ဆိုတာ မသိခင်တည်းက ကျမ မောင်လေးကို မနာလို ဖြစ်ခဲ့မှာ ..

အမေ့ အတွက် ဒဏ်ရာ @ ကျမရဲ့ တေး မှတ် တတ်မှု

မောင်လေး ကိုယ်ဝန်နဲ့ မေကြီးက ကျမကို စိတ်တိုပြီး ရိုက်တယ်တဲ့ .. မွေးခါနီး ဖွားခါနီး ကျတော့ ကျမရဲ့ အမ၀မ်းကွဲတွေက ကျမကို ထိန်းပေးမယ်ဆို ခေါ်သွားကြတယ် .. ကျမလည်း လိုက်သွားတယ်ပေါ့ .. မောင်လေးကို မွေးပြီဆိုတော့ ကျမတို့ သွားကြည့်ကြတယ် .. ပြန်ကြမယ်ဆိုတော့ မေကြီးက "သမီး နေခဲ့ပါလား" တဲ့ .. ကျမကတော့ ခပ်စိမ်းစိမ်းနဲ့ "ဟင့်အင်း .. ပြန်လိုက်သွားမယ်" ဆိုပြီး လှည့်တောင်မကြည့်ပဲ အမနောက်ကို လိုက်သွားတယ်တဲ့လေ .. :D ကျမတော့ အဲဒီအချိန်ကို မမှတ်မိတော့သလို သိလည်း မသိတော့ပါဘူး .. ဒါပေမယ့် မေကြီးကတော့ ခုထိ ပြန်ပြောတိုင်း မျက်ရည်ဝဲတုန်းပါလား .. အဲဒီအချိန်က မျက်လုံးနဲ့ မျက်နှာထားကို မမေ့ဘူးတဲ့ .. :P အသက်က ၂နှစ်ခွဲနဲ့ အမေကိုတောင် စိတ်ဆင်းရဲအောင် လုပ်တတ်တယ် .. :P

မောင်လေး

ဘယ်လိုပဲ တွေ့လိုက်ရင် မတည့် ဖြစ်နေပါစေ ကျမအတွက်ရော သူ့အတွက်ပါ သွေးသားရင်းချာဆိုတာ ဒီနှစ်ယောက်ပဲရှိပါတယ် .. ကျမအတွက် ပထမဆုံး သွေးသားရင်းချာပေါ့ .. တဦးတည်းသောလည်း ဖြစ်ပြန်ပါတယ် .. ခုချိန်ထိ တွေ့လိုက်ရင် မတည့်သလို နောက်လည်း တည့်ဦးမယ် မထင်မိပါဘူး .. ဒီလိုမှသာ ပျော်ရွှင်စရာ ကောင်းလိမ့်မှာပေါ့နော် .. သိပ်တည့်နေရင် ပျင်းစရာကြီး :D

မကြီး

ကျမရဲ့ အချစ်ဆုံး အမ၀မ်းကွဲ .. တပူးတွဲတွဲ ဘယ်လိုမှ ခွဲမရအောင် ပထမဆုံး ကျမ တောက်တဲ့လို လိုက်တွယ်ကပ် နေတတ်တဲ့ အမ၀မ်းကွဲပါ .. မမကြီး အိမ်သာထဲဝင်ရင်တောင် ငိုလို့ အိမ်သာထဲထိ ခေါ်သွားရတယ်တဲ့ .. :P ခုတော့ မလိုက်တော့ပါဘူး :P ..

သူငယ်ချင်း

မူကြိုကျောင်းအတွက် သူငယ်ချင်းကတော့ ခုဆို ခပ်စိမ်းစိမ်းပါပဲ .. ကြာခဲ့ပြီကိုး ..

သေရာပါ ဒဏ်ရာ

ဝရန်တာမှာ အဒေါ်က ကွေကာအုပ်ကို ပူနေလို့ မှုတ်ပေးနေတာကို အစားသောင်းကျန်းစွာနဲ့ အတင်းလှမ်းဆွဲတော့ ကျမခေါင်းပေါ် မှောက်ကျပါလေရော .. (ငတ်တာ :P) .. ဒီလိုနဲ့ ကျမ ဂျိုစောင်း အောက်နားမှာ အနာရွတ်တခု သေရာပါ ရှိသွားခဲ့တယ် .. တော်သေးတယ် တခေါင်းလုံး ပြောင်မသွားလို့ :P

ခွဲခွာခြင်း

အိမ်ပြောင်းရမယ်တဲ့ .. ဖေကြီး ဘက်က အဖိုး အဖွားအိမ်ကို ဖျက်ပြီး ၄ထပ်တိုက် ဆောက်လို့ ပြီးတဲ့အချိန်မှာ ကျမတို့ အိမ်ပြောင်းနေဖို့ ဖြစ်လာခဲ့တယ် .. ကျမ အဲဒီအချိန်က သိပ်ချစ်တဲ့ သူငယ်ချင်းမလေးကို ခွဲပြီး ဘယ်လိုများ သွားရပလို့ ပူပန်ဖူးတယ် .. နောက်ဆုံး ခွဲခွာဖြစ်ခဲ့တော့လည်း နေရာသစ်မှာ အသားကျဖို့ အချိန် သိပ် မလိုအပ်ခဲ့ပါဘူး ..

သေကွဲ

တညတော့ အဖိုးကို ဆေးရုံတင်ရမယ်တဲ့ .. ကျမ အိမ်ပေါ်ထပ်ကနေ မြင်လိုက်တယ် .. ဖိုးဖိုးကြီးကို ဦးလေးတွေ အဒေါ်တွေက တွဲပြီး ကားပေါ် တင်ခေါ်သွားကြတယ် .. တရက် နှစ်ရက် သုံးရက်ကြာသွားတယ် .. သုံးရက်မြောက်နေ့မှာ မေကြီး ဆေးရုံက ပြန်လာတော့ မျက်နှာတွေ နီလို့ .. ပြီးတော့ ပြောသေးတယ် .. ဖိုးဖိုးကြီး ဆုံးသွားပြီတဲ့ .. ကျမ မယုံနိုင်ခဲ့ဘူး .. အရမ်းမြန်လွန်းတယ် .. ဒါ ကျမ နားလည် သိတတ်ပြီးနောက် တွေ့ကြုံလိုက်ရတဲ့ သေကွဲပါပဲ .. (ဦးလေး လေယာဉ်ပိုင်းလော့ခ် တယောက် ဆုံးတုံးက ကျမ သိပ်ငယ်သေးတော့ နားမလည်လိုက်ဘူး .. ငယ်ငယ်က အသုဘအိမ်ဆို သိပ်ကြောက်တတ်တာ .. သူများအိမ်တွေက လူတွေ သေကြတယ် .. ငါတို့အိမ်က မသေဘူးထင်တယ်လို့တောင် ထင်ဘူးတာ .. မြင်မှ မမြင်ဘူးပဲ .. :D) နောက်ပိုင်းတော့လဲ သေကွဲတွေ ကြုံလိုက်ရတာ ..

ခုတလော စာရေးဖို့ အာရုံမရ ဖြစ်နေပြန်ပါပြီ .. တွေးမိတဲ့ အတွေးတွေလည်း စာတပုဒ် ဖြစ်မလာဘူး .. ခေါင်းစဉ်တွေရှိနေပေမယ့် အကြောင်း အရာ စဉ်းစားမရဘူး .. စိတ်ကူးပေါက်ရာလေး ချရေးမိပါတယ် ..း))


20 comments:

Unknown said...

ပြည့်စုံ အခု ပထမရပါတယ်ဗျာ...

Unknown said...

ဝမ်းနည်းကြေကွဲဖွယ်ရာ ပထမဆုံးလေးတွေကို ဖတ်မိပြီး
စိတ်မကောင်းဖြစ်ရပါတယ် ညီမလေးမိုးခါးရေ...

ဘ၀ဆိုတာ ဒီလိုပါပဲလေ.. ဖြစ်ချင်တိုင်းမဖြစ်တဲ့
မှော်ဥယျာဉ်တစ်ခုလိုပဲဆိုတာပေါ့...။

ညီမလေးရေ...
အဆိုးတွေလာပြီးရင် အကောင်းတွေလာတော့မှာ...

နေ့သစ်တွေ လှပပါစေဗျာ....

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

ပုံ့မေ said...

မိုးခါရေ ပထမဆုံးတွေ လာဖတ်တယ်ကွယ်။ မေသူတော့ အဟီး မေ့တွားပြီ။ သတိမရတော့ဘူး။ :D

Unknown said...

:)

kiki said...

ပထမဦး ဆုံးတွေထဲ မှာ တခုခု ချန်ထားရစ်ခဲ့တာလား လို့ 
အကုန် အစုံ မရေးဘဲ တမင်မေ့ကျန်ခဲ့ပုံ ရတယ်နော် ...
first .... love/kiss ?????
ဟိဟိ .. ဆက်ရေးပါအုံး .. အပိုင်း ၂ မျှော်နေတယ်ဗျိုးးးး

chocothazin said...

စိတ်ကူးပေါက်ရာချရေးတာလည်း ဖတ်လို့ ကောင်းလိုက်တာနော်။ ပထမဆုံးများတဲ့။ တစ်ခုဖတ်ပြီးတိုင်း ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်မိတယ်။ ငါကော ဘယ်လိုလဲလို့ ပေါ့။
ကျေးဇူးပါသယ်ရင်းရေ။

တောင်ပေါ်သား said...

ထူးဆန်းပါ့ ပထမဆုံးများတဲ့ အမေ့ဗိုက်ထဲကထွက်တာ သူပြောမှ ပထမဆုံး သိတယ်း) အဟီး

လေးစားလျက်
တောင်ပေါ်သား

Beauty Studio USA Branded Store said...

ပထမဆုံးတွေရဲ့ မမေ့နိုင်စရာလေးတွေကြားမှာ ပျော်ရွှင်ပါစေ ညီမမိုးခါးရေ။

kyalkalay said...

ငယ် ငယ် က အမကိုမွေးတော့
အမငိုနေပေမယ်. အမဘေးပတ်ဝန်:ကျင်တခုလုံး
ပျော်ရွှင်ဝမ်းသာကြည်နူးမှူ့တွေပြည်. နေတယ်လေ

အမလောကကြီးကိုပထမဆုံးစရောက်တဲ့နေ့က ပတ်ဝန်: ကျင်ကိုပျော်ရွှင်မှူတွေပေးဆပ်ချင်းနဲ့စတင်ခဲ့တာလေ

မိုးစက်အိမ် said...

စိတ်ကူးပေါက်ရာတွေမဟုတ်ပါဘူးဗျာ တကယ်အနှစ်
သာရ ပြည်.၀ပါတယ်ဗျာ ... တခုဘဲသိချင်မိတယ်
ခုချိန်ထိ ငတ်ကြီးကျတုန်းဘဲလားလို. ဟီးးးးးးးးးးးးးး

Chitpalonelay said...

အချက်အလက်အကြောင်းအရာလေးနဲ့ သေချာတွေးပြီး ရေးသွားတာ သဘောကျမိတယ်။ ဘယ်လိုမန့်ရမှန်းတောင်မသိတော့ဘူး။ သေချာတာတော့ မောင်နှမက မတည့်တာကောင်းပါတယ်။ ကွယ်ရင်မေ့ တွေ့သေအောင်လွမ်းထက် အများကြီးကောင်းပါတယ်။
ခင်မင်လျှက်
ညီမလေး ပါးလုံး

သီဟသစ် said...

အရေးကြီးသော ပထမဆုံးအချို့ကျန်နေသေးသည်။ ဆက်ရေးပါရန်
:D


ခင်မင်စွာဖြင့်
သီဟသစ်

ဝက်ဝံလေး said...

အိမ်သာတက်ရင် အခုမလိုက်တော့ဘူးဆိုလို့ တော်သေးနော် ဟိဟိ

လာဖတ်သွားတယ် နော် မှတ်မိပါတယ် အမေနဲ့မနေဘူး ပြန်လိုက်သွားမယ် ဆိုတဲ့ကိစ္စ တခါရေးဖူးတယ် ဟုတ် ဟွန်းးး များက ဥာဏ်ကောင်းပါတယ် ဟက် ဘိုင်တာ့တာ

လင်းကြယ်ဖြူ said...

တကယ်ကိုအဓိပ္ပါယ်ရှိတဲ့ Post လေးပါပဲခင်ဗျာ..
ကောင်းတယ်..
ပျော်ပါစေ..

မယ့်ကိုး said...

အမေအပေါ်သိပ်ချစ်တဲ့ ညီမလေးပဲ နှစ်နှစ်ခွဲသမီးလေးတည်းက စိတ်ဆင်းရဲအောင်လုပ်တယ် မထင်ပါဘူး။ပြီးတော့ အိမ်သာမလိုက်တော့ဘူးလို့ ရေးထားတာလေးက ချစ်စရာ ပြုံးရတယ်။ ညီမလေးရေ အက်ဆေးလေးကောင်းလိုက်တာ။

ခင်မင်စွာဖြင့်...

Ree Noe Mann said...

ဟုတ်တယ် ကိုသီဟ ပြောသလိုပဲ
ပထမ တစ်ချို့တွေ ကျန်နေသေးတယ် ညီမ။
ဟီးဟီး သိချင်လိုက်တာနော်။

လာနောက်သွားတယ်။

ကိုရီနို

သဇင်ဏီ said...

ဒီပို့စ်လေးသဘောကျတယ်..း)

သားကြီး said...

ပထမဆုံးတွေကို နောက်ဆုံးလာဖတ်သွားတယ်
ဘာမန့်ရမလဲမသိဘူး
အပေါ်ကဘော်ဘော်တွေပြောခဲ့သလိုပဲ
“ကောင်းပါတယ်”

မငုံ said...

ပထမဆုံးများကို လာဖတ်တယ်။

ဏီ(န်)ကင်း said...

အမေ့ အတွက် ဒဏ်ရာ @ ကျမရဲ့ တေး မှတ် တတ်မှု
အမေ့ ကိုသတိရတတ်သားဗျ... နှစ်ခါရှိပြီသတိရတာ... စိတ်မကောင်းမဖြစ်ပါနဲ့.. အဲဒိတုန်းက ကိုယ်ကငယ်သေးတာပဲ....

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...