တနင်္ဂနွေနေ့ကလည်း ဘယ်ဆို ဘယ်မှ မရောက်ခဲ့ဘူး .. ကျမအကျင့်ကလည်း လူများတဲ့နေရာဆို မသွားချင်တတ်ဘူး .. ကိုယ့်ဟာကိုယ်ပဲ အေးအေးနေချင်တယ် .. သူငယ်ချင်းနဲ့တော့ ဓါတ်ပုံလျှောက်ရိုက်မယ်ပြောထားပြီး အိမ်က စထွက်ဖြစ်တဲ့အချိန်က ၃နာရီထိုးနေပြီ .. ယောင်းမတော်နဲ့လည်း ချိန်းထားသေးတယ် .. (ကိုယ်က ပေးရမှာပါ ..း) ယောင်းမနဲ့ ချိန်းထားတဲ့ဆီ ၄နာရီခွဲလောက်ရောက်ပြီး သုံးယောက်သား ညနေစာထမင်းစားပြီး ဓါတ်ပုံတွေ လျှောက်ရိုက်လိုက်တယ် .. လူတွေကတော့ စည်လိုက်တာ .. စီးဟောမှာ အပြည့်ပါပဲ .. ညနေ ၈နာရီခွဲလောက်ပြန်ပြီး မနက်ဖြန် သင်္ကြန်အကြိုနေ့မှာ သိကြားမင်းကို ဘယ်လိုကြိုမလဲလို့ သူငယ်ချင်းနဲ့ပြောဖြစ်တယ် .. ညမအိပ်ဘူး မနက် ၅နာရီမှ အိပ်မယ်ဆိုလို့ သူငယ်ချင်းက ပြောပြန်ပြီတဲ့ .. (ပြောပြောပြီး ကျမက အရင် အိပ်အိပ်သွားတတ်လို့ပါ .. :D)
မနေ့က သင်္ကြန်ကြိုကြတယ် .. ပျင်းပျင်းရှိတာနဲ့ အလုပ်မသွားပဲ အမ်စီလိုက်တယ် .. သိကြားမင်းကိုလည်း အိမ်မက်ထဲမှာပဲ ကြိုလိုက်ရတယ် .. ၀ီရိယက အဲလိုကောင်းတာ .. နေ့လည် ဆေးခန်းသွား အမ်စီ ယူပြီးတော့ သူငယ်ချင်းနှစ်ယောက် အိမ်မှာ အိပ်လိုက်တာ ညနေ ၄နာရီထိုးရော .. ဘုန်းကြီးကျောင်းလေးသွားမယ်ဆိုတဲ့ စိတ်ကူးလည်းပျက်သွားပြီး expo ကို သူငယ်ချင်းနှစ်ယောက်သွားလိုက်တယ် .. ပစ္စည်းတွေကတော့ တော်တော်ဈေးချပါတယ် .. လူလည်းရှင်းတော့ ဈေးဝယ်ရတာ စိတ်ချမ်းသာတယ် .. မဟုတ်ရင် ပစ္စည်း အသေးလေးတခုပဲဖြစ်ဖြစ် ၀ယ်ချင်ဦး တQထဲ Qနေရတာ စိတ်ညစ်ဖို့ကောင်းတယ် .. ဟိုကြည့် ဒီကြည့်နဲ့ ၇နာရီထိုးတာပဲ .. ညနေ စီးတီးဟောသွားပြီး ဗိုက်ဖြည့် ပြန်လာခဲ့လိုက်တယ် .. အဲဒါ ကျမအတွက် သင်္ကြန်အကြိုနေ့တဲ့ ..
ဒီနေ့တော့ သင်္ကြန် ကျပြီပေါ့ .. ဘာပဲပြောပြော ရန်ကုန်သင်္ကြန် အနည်းနဲ့ အများတော့ စည်ကားမှာပါ .. ပုံရိပ်တွေကိုမြင်ယောင်မိတယ် .. ခုလောက်ဆို အိမ်မှာလည်း မုန့်တွေ လုပ်စားနေလောက်ရောပေါ့ .. ကျမမှာသာ ..း(
မတတ်နိုင်ဘူးလေ .. မိုးလင်းတာနဲ့ နိုးစက်သံကို မုန်းမုန်းနဲ့ ပိတ်ပြစ်ပြီး ထရတာပဲ .. တခါတလေလည်း နေ့စဉ်အလုပ်တွေကို ငြီးငွေ့မိတယ် .. အလုပ်ပြီး အိမ် အိမ်ပြီး အလုပ်နဲ့ .. တခါတလေလည်း လမ်းသွားနေရင်း မိုးအုံ့အုံ့မှာ သင်္ကြန်အနံ့ကိုရမိတယ် .. စိတ်က လွမ်းမိပြန်ရော .. ဘယ်လောက်ထိ ဝေးနေရဦးမလဲ .. တကယ်ကတော့ မဝေးပါဘူး .. ကိုယ်က ဝေးဖို့ ရွေးချယ်ခဲ့တာပဲ .. နောင်တလား နောင်တတော့လည်း မရပါဘူး .. ခုနေနေတာ လုပ်နေရတာ မပျော်ပေမယ့် လုပ်သင့်တာလုပ်နေရတာပဲ .. အချိန်တန်ရင်တော့ လုပ်သင့်လုပ်ထိုက်တာကို လူတိုင်းလုပ်ကြရတာပဲ .. ဒီတော့ နေသာပါတယ်လေ ..
အကျနေ့ တရက်လည်း ကုန်ဦးတော့မယ် .. မထူးခြားတဲ့ နေ့စဉ်လုပ်ငန်းတွေကိုလည်း ငြီးငြီးနဲ့ လုပ်နေရဦးမယ် .. အင်း .. ဒီလိုနေ့မျိုးတွေကျတော့ ကုန်ခဲနေသလို စိတ်ကထင်တယ် ..
P.S - သူများတွေ ပျော်နေကြမယ်လို့ ညစ်တစ်တစ်နဲ့ တွေးပြီး ရေးထားပါတယ် .. မနာလိုဘူးး(

9 comments:
ကောင်လေးလည်း သင်္ကြန် အိမ်တွင်းပုန်းနေရတာပါ..။ မိုးခါးက မှ လျှောက်လည် ၇သေးတယ်..။ ဘယ်တော့များမှ ပြန်ကဲရမလဲမသိသေးပါဘူးဗျာ..။
ပျင်းနေရင် ရေလာလောင်းမယ်။ :P
ဝေးနေဦးမှာပါပဲ.. သင်္ကြန်နဲ့ဝေးမှ ပိုလွမ်းနေမိသလိုပဲ..
ဒီနေ့ မနက်က ရန်ကုန်မှာ မိုးရွာတယ်တဲ့... သင်္ကြန်တွင်းမိုးမရွာတာ ကြာပြီ
ဝေးနေပေမယ့်.. တစ်ရက်ကတော့ ပြန်ဆုံမှာပါ.. သူကလည်း တစ်နှစ်ပြီးသွားပေမယ့်.. နောက်နှစ်ရှိပါသေးတယ်.. ကိုယ်ပြန်ရင် ပြန်ဆုံမှာပါ...
အမြန်ဆုံး ဆုံနိုင်ပါစေ..
အကျက်နေ့မှာ ရေလာလောင်းတယ်ဗျို့... :D
အိုးမည်းလေးနဲ့ လှချင်လား ဟင် မမမိုးခါး
ဟုတ်ပါ့နော် မထူးခြားတဲ့ နေ့စဉ်လုပ်ငန်းတွေကို ငြီးငြီးနဲ့ လုပ်နေရတယ်။ :(
ဒီနှစ် သင်္ကြန်ဆိုတာလည်း ဘာမှန်းတောင်မသိလိုက်ရပါဘူး မမရယ် ..မမထက် အဖြစ်ဆိုးတယ် :'(
လာဖတ်ပါတယ်--ကောင်းတယ်--
သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--
Post a Comment