Thursday, April 23, 2009

တွေ့ချင်မြင်ချင်မိသော ၁၀ ဦးသော ပုဂ္ဂိုလ်များ

အတွေ့ချင်ဆုံး (၁၀)ယောက်တဲ့ .. တော်တော်ရွေးရခက်တဲ့မေးခွန်းပါပဲ .. စိတ်ထဲကအတိုင်းပြောရရင် ခုခင်မင်နေသမျှ သူငယ်ချင်း မိတ်ဆွေတွေအကုန်လုံးကို မြင်တွေ့ချင်တယ် .. ပြင်ပမှာပါ ခင်မင်ခွင့်ရချင်တယ် .. ဖြစ်နိုင်ရင် ဘလော့က သူငယ်ချင်းတွေအကုန် ကျမလေးစားချစ်ခင်ရတဲ့အကိုတွေ အမတွေအကုန် .. စီနီယာ ဂျူနီယာတွေအားလုံး မြန်မာနိုင်ငံမှာ တစုတစည်းထဲ ဘလော့ဂါတွေ့ဆုံပွဲဆို လုပ်ဖြစ်ရင် တော်တော်ကောင်းမယ်နော် .. စိတ်ကူးပေါ့ .. ဖြစ်ဖို့ကတော့ မနီးသေးပါဘူး .. ငါမမှီတော့ဘူးဆိုတာလိုများဖြစ်မလားပဲ .. ကျမကလည်း မြန်မာနိုင်ငံမှာပဲ အဲဒီပွဲကိုလုပ်ချင်တာကိုး .. (စပွန်ဆာ အလိုရှိသည် ..) :D

သေချာစဉ်းစားပြီးရွေးထုတ်လိုက်ရတာ တော်တော်အုန်းစားသွားတယ် .. ဟိုလူ့လည်းတွေ့ချင် ဒီလူ့လည်းတွေ့ချင် .. သတ်မှတ်ထားတာက (၁၀)ယောက်ဆိုတော့လည်း ၁၀ယောက်ပဲရွေးရတော့မှာပေါ့ .. အဆစ်လေးများတောင်းလို့ရမလားမသိဘူး .. :D

ကျမရောက်ဖြစ်တဲ့ဆိုက်တွေ တော်တော်များများကိုလင့်လုပ်ထားဖြစ်တယ် .. စာတွေကိုမလွတ်တမ်းဖတ်ချင်တာကိုး .. စာဖတ်ရတာကြိုက်တော့ စာတွေရေးတဲ့ မိတ်ဆွေတွေကိုလည်း စိတ်ထဲက ခင်မင်နေမိတယ် .. ဒါကြောင့်မို့ဖြစ်နိုင်မယ်ဆိုရင် အားလုံးနဲ့တွေ့ဆုံ ခင်မင်ခွင့်ရချင်ပါတယ် .. နောက်များမှပေါ့ .. ခုတော့ ၁၀ယောက်ကိုပဲ ချရေးလိုက်ပါ့မယ် ..

စိတ်မှန်းနဲ့ ကြီးစဉ်ငယ်လိုက် ချရေးလိုက်ပါတယ် ..း) (စိတ်မှန်းလို့ပြောထားတယ်နော် .. မှားရင်သည်းခံပါ :D)

မသက်ဇင်၊ မဆုမွန်တီချမ်းကိုဇူလိုင်လင်းကြယ်ဖြူမနောသားသဇင်မောင်မျိုးနွေးနေခြည်ဖြိုးမော် တို့ကို တော်တော် ခက်ခက်ခဲခဲ ရွေးထုတ်လိုက်ရပါတယ် ..

လူတွေရွေးပြီးပြီဆိုတော့ ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လေးက လိုလာပြန်ရော .. ဘာလို့တွေ့ချင်တယ် ဆိုတာလေးကိုလဲ သည်းခံပြီးဆက်ဖတ်လိုက်ပါဦးနော် ..




မသက်ဇင်
မသက်ဇင်ကစာရေးကောင်းတယ် .. ဖြည်းဖြည်းချင်းလူကိုဆွဲခေါ်သွားလိုက်တာ ပုဂံရော ပုပ္ပါးရော ရောက်သွားတယ် .. ဒါတောင် ဖတ်ရတာ မကုန်သေးဘူး .. အပိုင်းလိုက်ရေးထားတဲ့ ခရီးသွားမှတ်တမ်းတွေကို ပရင့်ထုတ်ပြီး အေးအေးဆေးဆေး အစအဆုံးထိုင်ဖတ်မယ်လို့ စဉ်းစားထားပါတယ် .. လူကြီးအလစ်ကိုချောင်းနေလို့ပါ .. :D အမရဲ့စာတွေကိုဖတ်ရတာ ဗဟုသုတရော ရသပါခံစားရလို့ အရမ်းနှစ်သက်မိပါတယ် .. ပြီးတော မသက်ဇင်က ကျမရေးတဲ့စာတွေဖတ်ပြီး လာလာအားပေးတတ်တယ် .. အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ် .. အခွင့်ကြုံရင်တော့ အမပြောပြမယ့် သမိုင်းကြောင်းတွေ ထိုင်နားထောင်ချင်နေပါတယ် ..

မဆုမွန်
မဆုမွန်ရဲ့အသက်ကို သွားကြည့်တော့ မတွေ့ပါဘူး .. ဒါနဲ့ lady first ဆိုပြီး ကိုဇူလိုင်တို့ တီချမ်းတို့ ရှေ့မှာထားလိုက်ပါတယ် .. မဆုမွန်ဆီသွားလည်ရင် ပွင့်ပွင့်လင်းလင်းနဲ့ အမှန်တရားတွေရေးထားတတ်လို့ မသိတာတွေ သိလာရပါတယ် .. မဆုမွန်ရေးတဲ့ သတင်းတွေကိုလည်း စိတ်ဝင်စားပါတယ် .. မဆုမွန်ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မြင်ယောင်လာမိတယ် .. ရင်းရင်းနှီးနှီး ညီမလေးခေါ်တတ်လို့ တွေ့ချင်မြင်ချင်မိပါတယ် .. မဆုမွန်နဲ့တွေ့ဖြစ်ရင်တော့ လေထဲမှာ နေရတဲ့အရသာကို မေးမိဦးမယ်ထင်ပါတယ် .. လောလောဆည် မတည်မငြိမ်ဖြစ်နေတဲ့နေရာမှာ နေနေရလို့ ဘေးအန္တရယ် ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် .. ချစ်တဲ့ ညီမတို့ နိုင်ငံဆီလည်း အမြန်ဆုံးခြေဦးပြန်လှည့်နိုင်ပါစေ ..

တီချမ်း
အားလုံးရဲ့ အချစ်တော် ပရီမီယာကြိုက်တဲ့ တီချမ်းပါ .. တီချမ်းဆီသွားလည်ရင် အစားအစုံမြင်ရတယ် .. (စားလို့တော့မရ :D) သီချင်းတွေ ခံစားချက်နဲ့ နားထောင်နိုင်တယ် .. တီချမ်းရဲ့ အချစ် အလွမ်းတွေကို ၀င်ရောက်ခံစားမိတယ် . ဒသနတွေနဲ့ တချို့ကျ ပေါ့ပေါ့ပါးပါးဖတ်စရာလေးတွေလည်းရှိသေးတယ် .. ပြီးတော့ လူကိုလည်း ဆိုက်ကို တက်စ် စစ်လိုက်သေးတယ် .. ဖြေတာဟုတ်မှ မဟုတ်ရင် .. ??? :P တီချမ်းကိုတွေ့ချင်တယ် .. တီက တွေ့ရင် စားချက်တာချက်ကျွေးမယ်ပြောထားတာကိုး .. မျှော်လင့်ချက်လေးနဲ့ပေါ့ .. :D တီလည်း အန္တရယ်ကင်းပါစေ .. ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဒီကနေဆုတောင်းပေးလိုက်ပါတယ် .. သြော် .. လက်တွဲဖော်နဲ့မြဲဖို့ရော ဆုတောင်းပေးရဦးမလား .. တီရာ မြဲနေရင် အသစ်မရပဲနေမှာပေါ့ .. :D တီရေ အဆင်ပြေရင်တော့ တီချက်ကျွေးတာတွေစား .. တီပြောမယ့် ဒသနတွေ အချစ်အကြောင်းတွေ နားထောင်ချင်ပါသေးတယ် ..း) ပရီမီယာလေးပါတိုက်နော် ..

ကိုဇူလိုင်
ကိုဂဏန်းကောင်ကြီးကိုတော့ သွေးလှူဒါန်းတဲ့စာတွေ မီးသတ်သမားအကြောင်းရေးထားတဲ့စာတွေကစပြီး ခင်သွားမိတာပါ .. ပြီးတော့ လူ့ကန့်လန့်ကြီးဆိုတော့လည်း မြင်ဘူးချင်မိသား .. ကိုဇူလိုင်ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို လေးစားမိတယ် .. (မြှောက်ထားမှ:P) ကိုဇူလိုင်ရဲ့စာတွေကနေ အတွေးတွေရမိတယ် .. စဉ်းစားစရာတွေ ပေါ်လာတတ်တယ် .. ဗဟုသုတရပါတယ် .. တခါတခါကျတော့ လွမ်းစရာလေးတွေပေးတတ်ပြန်ရော .. အလွမ်းဓါတ်ခံရှိတယ်ထင်တယ် .. တယောက်တည်းလွမ်းရတာအားမရလို့ တခြားလူတွေကိုပါ နှိပ်စက်တယ် :P .. ပြီးတော့ ကိုဇူလိုင်မှာ စာအုပ်တွေအများကြီးတဲ့ .. ကြုံရင် ငှားဖတ်ဦးမှ ..

လင်းကြယ်ဖြူ
သူတက်တာလေ .. သူတက်လို့ ဒီမှာ ဦးနှောက်ခြောက်နေရတာ .. :D စကားလည်း မပြောဘူးပါဘူး .. ဘလော့မှာပဲ သွားသွားလည်ဖြစ်တယ် .. အတွေ့အကြုံတွေ ဝေမျှတတ်လို့ လည်ရင်းလည်ရင်းကနေ လည်သွားတာပါ .. မှားလို့ ခင်သွားတာပါ :P .. ကျမနဲ့အသက်သိပ်ကွာမယ်မထင်လို့ ရွယ်တူလို ဆက်ဆံမိပါတယ် .. အသက်ဘယ်လောက်ဆိုတာလဲ ပြောမှမထားတာ .. ဟိုနေ့ကတော့ ဘယ်လိုကြောင့် အကိုကို အိုးမဲသုတ်ချင်ရတာလဲလို့လာပြောသွားတယ် .. ဒီတော့ နဲနဲတော့စဉ်းစားသွားတယ် .. အသက်များကြီးနေသလားလို့ ..း) သတိထားမိသလောက်ကတော့ တခြားစာတွေ သိပ်ရေးတာမတွေ့ပဲ ဗဟုသုတရစရာလေးတွေ ရေးတတ်ပါတယ် .. ဒါပေမယ့် သင်္ကြန်ကျတော့ ဓါတ်ခံရှိတယ်ထင်တယ် .. ကဗျာတွေရေးလို့ .. ခံစားချက်ရှိတယ်ထင်တယ် .. တွေ့ရင်တော့ အင်တာဗျူးဖြစ်မယ်ထင်ပါတယ် ..း)

မနောသား
သယ်ရင်းကတော့ ဘလော့စလုပ်တည်းက တခုခုဆို သူ့ပဲပြေးပြောနေရတာ .. ကျေးဇူးရှင်ကြီးပေါ့ .. နားပူနားဆာလုပ်ရတာလဲ ခဏခဏ .. ကူညီတတ်တော့လည်း အကူညီတောင်းခံရတာပေါ့ဟာ .. ဂုဏ်ယူလိုက်ပါ :D .. မနောသားရဲ့ နည်းပညာစာတွေကိုဖတ်ပြီး ကလိရတာပျော်စရာကောင်းပါတယ် .. ခုလိုသိတဲ့လူတွေ ဝေမျှပေးနေလို့လဲ ကျမတို့ နောက်က ကောက်စားလို့ရတာပါ .. (ကောက်စား=မနောသားပြောတဲ့စကားပါ ..း) .. ပြီးတော့ သူက ကဗျာရေးလည်းကောင်းသေးတယ် .. ကြည့်ရတာ ခံစားချက်တွေရှိနေဘီနဲ့တူတယ် .. :D မနောသားရဲ့စာတွေအတွက် ဝေမျှမှုတွေအတွက် ကျေးဇူးလည်းတင်ပါတယ် .. ခင်လည်းခင်တယ် .. နောက်လိုရင်လည်း အကူအညီတောင်းဦးမယ်လို့ ..

သဇင်
ဘလော့လုပ်ပြီးနောက်ပိုင်း စစချင်း ခင်ဖြစ်တာ သဇင်ပါ .. ကော့မင့်ပထမဆုံးပေးတာ သဇင်ပါ .. နောက်ပိုင်းတော့ ကျမဆီကို တန်ဖိုးရှိတဲ့စာလေးတွေ မေးကနေ ပို့ပို့ပေးတတ်ပါတယ် .. သဇင့်စာလေးတွေကလည်း အရမ်းဖတ်လို့ကောင်းပါတယ် .. သဇင်ရေးထားတာလည်းအစုံပဲ .. ကဗျာ ကျန်းမာရေးကအစ ဘာသာပြန်အဆုံးပဲ .. ခုနောက်ပိုင်းတော့ သိပ်မရေးဖြစ်ဘူးထင်တယ် .. အသစ်သိပ်မတက်လာဘူး .. လွမ်းနေတယ် သဇင်ရေ .. အသစ်ရေးပါဦး ..

မောင်မျိုး
မောင်မျိုးနဲ့က အသက်တူတူပဲ .. ၂၃နှစ်ကို အပျိုကြီးလားတဲ့ .. သူက လူပျိုကြီးမဖြစ်ချင်သေးဘူးထင်တယ် .. ခုတော့ ဦးဇင်းလူထွက် .. သင်္ကြန်တွင်း ဘုန်းကြီးဝတ်တယ်ဆိုတော့ သာဓု သာဓု သာဓု .. မောင်မျိုးရဲ့စာတွေကိုဖတ်လိုက်ရင် ကိုယ်က သူ့စာထဲမျောသွားတယ် .. သူပြောတဲ့မြင်ကွင်းတွေကိုမြင်ယောင်လာမိတယ် .. သူပြောတာတော့ ပိန်ညှောင်ညှောင် မောင်မျိုးတဲ့ .. အမကိုလည်း အနိုင်ကျင့်တတ်သေးတယ် .. ပိန်လို့ပေါ့ .. ဗလတောင့်ရင်တော့ သူ့အမအတွက် မတွေးဝံ့ဘူး .. :D မောင်မျိုးရေးနေကျ သူ့ရွာလေးကို အတွေးနဲ့သွားလည်လိုက်တယ် .. ချစ်တဲ့ရွာလေးနဲ့ အမြန်ဆုံးပြန်လည်နီးစပ်ပါစေမောင်မျိုးရေ ..

နွေးနေခြည်
နေခြည်ကတော့ ကျမရဲ့စာတွေကို ဖတ်ပြီးအားပေးတယ် .. နေခြည်နဲ့ စကားအပြန်အလှန်ပြောရတာ စိတ်ထဲကနေရင်းနှီးမိတယ် .. အသက်လည်း ရွယ်တူပဲ .. လပဲကွာမယ် .. ဒါကြောင့်လည်း စိတ်ထဲရင်းနေမိတယ်ထင်တယ် .. စလုံးမှာပဲနေတာဆိုတော့ တရက်ရက်တော့ အပြင်မှာ ခင်မင်ခွင့်ရလိမ့်မယ်မျှော်လင့်ပါတယ် .. အိမ်ကိုလာလာလည်တတ်ပြီး စာတွေစိတ်ရှည်လက်ရှည်ဖတ်ပေးလို့ ကျေးဇူးနေခြည်ရေ ..

ဖြိုးမော်
အငယ်ဆုံးမောင်လေး ဖြိုးမော်အလှည့်ပေါ့ .. သူ့စာတွေဖတ်ရင်တော့ အသက်က အန်ကယ်ကြီးအရွယ်လို့ထင်ရလောက်တယ် .. ပြီးတော့ ဒီစာကိုဖတ်ပြီးရင်လည်း တချိန်လုံး :D:P:) တွေပါနေလို့ သဘောကောင်းမယ်ထင်ရတယ် .. ဟုတ်မဟုတ်တော့မသိဘူးလို့ တွေးနေဦးမလားမသိဘူး .. ကျမကလည်း စာရေးပြီဆို အဲလိုလုပ်လိုက်ရမှ .. သူ့စာတွေဖတ်ရတာလည်း အတွေးတွေရစေတယ် .. ငယ်ငယ်လေးနဲ့ တော်ပါတယ် .. ငယ်ပေမယ့် တန်ဖိုးရှိတဲ့စာတွေ အတွေးတွေ ပေးတတ်လို့ လေးစားမိပါတယ် .. နောက်လည်း ဖြိုးမော်ထပ်ရေးမယ့် စာတွေကို အားပေးဖို့ စောင့်မျှော်နေပါတယ် ..

ကဲ .. ၁၀ယောက်တော့ပြည့်သွားပြီ .. တကယ်တော့ ရေးမယ်ဆို ရေးစရာတွေရော ရေးရမယ့်လူတွေရော ကျန်နေပါသေးတယ် .. ခုတော့ စာလည်းများနေပြီ လက်လည်းညောင်းနေပြီ ဖတ်တဲ့လူလည်းပျင်းနေလောက်ပြီ .. ဆိုတော့ကာ .. တော်သေးဘီ ..

ပြီးတော့ အခုတွေ့ချင်တဲ့လူတွေကိုပဲ ဆက်တက်ချင်ပါတယ် .. အားတဲ့အခါလေးရေးပေးပေါ့ .. အဆင်ပြေမှပါ .. အဆင်မပြေလည်း ပြေအောင်လေးလုပ်ပြီး ရေးပေးပေါ့နော့ .. ကိုယ့်ခင်လို့တက်တာပဲဟာ .. :D

24 comments:

kaungkinpyar said...

ရေးတတ်လိုက်တဲ့ မိုးခါးလေး၊ အမလဲ ရေးဖို့ ၁၀ ယောက်တော့ ရွေးပီးပီ၊ အမအတွက် စာ၁ပုဒ် ဖြစ်ဖို့ ခက်တဲ့ အတွက် စာမျက်နှာပေါ် မရောက်သေးဘူး၊ ညီမလေးတွေ့ချင်တဲ့ သူတွေ မမလဲ တွေ့ချင်တယ်

မဆုမွန် said...

မမဆုမွန်က အသက်သုံးဆယ်ပါကွယ်.ဟီဟီ ပြောမှဖြစ်တော့မယ်ဆိုတော့ ပြောရပြီ ကိုယ့်ကိုကိုယ်တော့ ၁၈နှစ်ပဲ ထင်နေတာ သတိရလို့ ခုနှစ်ကြည့်လိုက်မှ သုံးဆယ်ဖြစ်နေပြီ..ကျေးဇူးတင်လိုက်တာ တွေ့ချင်တဲ့သူစာရင်းထဲမှာပါလို့..တွေ့ဖြစ်ရင် ဘန်ဂျီသွားခုန်ကြမယ်လေ အလွတ်ခုန်ပဲ ခုန်ကြတာပေါ့...တွေ့ဖြစ်ရင် အစ်မ သတင်းယူတဲ့ဆနပြပွဲတွေ လိုက်ပြမယ်နော်...အစ်မလဲ အမြန်ဆုံး ပြန်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်ရှင်

Welcome said...

Tag ပို့စ်လေး လာအားပေးပါတယ်။
ပြန်လာရင် စပွန်ဆာ လုပ်ပေးပါမယ်။
မကြာမီ လာမည် မျှော်...

ပျော်ရွှင်ပါစေ

နွေးနေခြည် said...

ဟေးးး... တွေ့မယ် မုန့်ကျွေး
ရွယ်တူတွေပဲ ပေါင်းကဲကြတာပေါ့

မိုးခါးကိုလည်း တွေ့ချင်တယ် စာတွေဖတ်ရတာ စိတ်ရှင်းတဲ့လူတယောက်ဖြစ်မယ်လို့လည်း ခံစားရတယ်

choco thazin said...

ဟာဟ... တွေ့ ချင်သပဆို အိမ်လာကွယ်... တို့ အိမ်ရှေ့ မှာရေကန်ကြီးရှိတယ်...အင်ယားလိုလို ... ကန်တော်ကြီးလိုလို(အတွဲချောင်းလို့ ရတာကိုပြောတာမဟုတ်၊ လေ့ကျင့်ခန်းလုပ်ရန်) ထမင်းလဲကြွေးမယ်...
ဒါနဲ့ ..အရင်ကတက်အကြွေးတောင်မဆက်ရသေးတာ အခုမှ သတိရတယ်... ကြွေးရှင်ရေ.. အတိုးပဲယူတော့နော် တဂ် အဟောင်းကတော့ မဆပ်တော့ဘူး ဟဲဟဲ

မရှင်းတာလေး တစ်ခုမေးဦးမယ်...
တွေ့ ချင်တဲ့လူတွေထဲမှာတွေ့ ဖူးပြီးသားလူတွေကောပါလားလို့ ပါ...

အန်တီချမ်း said...

အီး...........................၀ါး..........................အီး........ဟီး..................................အင့်..........ဟင့်................................
အကြီးအကျယ်အော်ငိုပလိုက်တယ် ဘာမှတ်လဲငါကွဆိုပြီး
တက်ကြွေးတင်နေတာ ၃ ပုဒ်ရှိပြီ
ဒါနဲ့ဆို ၄ ပုဒ်
မရေးဖြစ်ရင် စိတ်ဆိုးကြပါနဲ့
အရင်တက်ထားတဲ့လူတွေကတော့ ဆိုးကြတယ် ထင်ပါ့
နောက်ပိုင်းအိမ်လည်မလာတော့ဘူးး)
ခုဒီ ၁၀ ယောက်ပိုစ့်လဲ မိရောင်တက်ထားသေးတယ် အီး...............................
ခုတခါခါးကထပ်တက်.....................အီး.................အီး...........................၀ါး..........................အီး........ဟီး..................................အင့်..........ဟင့်................................

မောင်မျိုး said...

ဟိတ် အပျိုကြီးး) တွေ့ချင်တဲ့ထဲ ငါလည်းပါတာပဲ မထင်ရဘူး ဟဟား ကျေးဇူးပါ ။ဟုတ်တော့ဟုတ်သား တစ်ခါမှလည်းစကားမပြောဖူးပဲ ဘလော့တွေပေါ်မှာ ပြောနေတာကရင်း၂နှီး၂ နဲ့ ငယ်ပေါင်းကြီးတွေလို ။ ရေးနေတယ် အခု ရွာကလည်း အလည်လာဖို့ တကယ်ဖိတ်ပါတယ်ဗျာ တစ်နေ့တော့မဆုံနိုင်ဘူးလို့ ဘယ်သူပြောမလဲ ???

ဗလကြီးမောင်မျိုး

အန်တီချမ်း said...

ပြောချင်တာတေါပြောပြီး ချီးကျူးဖို့မေ့သွာတးယ်
ခါးလေးရေးထားတာကောင်းလိုက်တာ မိရောင်တို့ အတုယူစရာပေပ
တယောက်ချင်းစီကိုသေချာရေးပေးထားတာ
တွေ့မယ်ကွယ်
တီ စလုံးလာရင် တွေ့မယ့်လူစာရင်းထဲထည့်ထားလိုက်ပြီနော် ကေလား
ဘန်ကောက်လာရင်လဲ အိမ်မှာလာတည်းပေါ့ အခန်းပိုရှိတယ်
ထမင်းဟင်းကောင်းကောင်းလေးချက်ကျွေးမယ်
လေနော်

ဂျပန်ကောင်လေး said...

မှတ်သွားပြီ အမရေ... တကယ့်ဘလော့ကာ ကောင်းတွေကို ရှာဖွေနေတာ.း) သက်တမ်းနုသေးတော့ အကုန်လုံးကို မတွေ့နိုင်သေးဘူး... ကျေးကျူးကမ္ဘာဆိုင်ရော...း)

မသက်ဇင် said...

မိုးခါးရေ
အရင် တက်ဂ်ထားသူတွေ ရှေ့မှာ တော်တော်များများကို မရေးနိုင်သေးဘူးဖြစ်နေတယ်
ရှေ့ကလူတွေကိုလည်းအတော်အားနာပါတယ်
ရေးနေတဲ့ ရသ နဲ့ သုတ အခန်းဆက်က
မပြီးနိုင်သေးလို့ပါ
တက်ဂ်တဲ့အတွက် ကျေးဇူးတင်ပါတယ်
မိုးခါးလေးရေ
ချစ်ခင်စွာဖြင့်

pm said...

နာမည်တပ်
လေကန်ရေးနဲ့ ဝေဖန်ရေး
အော်... မမမိုးခါး မမမိုးခါး။ =]

မေဒီဇာ said...

ဒီနေ့ပဲ မိုးကို အိပ်မက်ထဲမှာ တွေ့ရတယ်။ ဟင်း ဒီပို့စ်နဲ့တော့ မဆီမဆိုင် ပြောနေပြန်ဘီ ဒီဒီတော့.. စလုံးရောက်ရင် ဘလော့ဂ်ဂါ မောင်နှမတွေနဲ့ တွေ့ချင်တယ်။ အားလုံးပဲပေါ့.. (ချင့်ယုံကြပါကုန်) အဟိ...

-----ဧဏီမင်း said...

အင်း..ပြောချင်တာပြောဆိုလို့ပြောသွားတယ်.. လာလည်တဲ့အကြောင်းပေါ့..အဟဲ...ဆီဗုံးက မပေါ်လို့ ဒီမှာရေးခဲ့တဲ့ အကြောင်းပါ ထပ်ပြောပါတယ်နော်...

JulyDream said...

စပွန်ဆာ ရှိတာတောင် ခွင့်ပြုမိန့်ကျဖို့က မလွယ်။ ဒါကြောင့် အိပ်မက်ထဲမှာပဲ တွေ့ကြတာပေါ့ကွယ်။

ပြောမယ့်သာ ပြောတာ။ ပွဲလုပ်ဖြစ်ရင်လည်း လာဖြစ်မှာလည်း မဟုတ်ပါဘူး။ နဂိုကတည်းက လူတောမှ မတိုးတာလေ။ အဟား...

ကိုလူထွေး said...

မိုးခါးရည်
သောက်သွားပါတယ်..
အဲ..အဲ.. မိုးခါးရေ
လာလည်သွားပါတယ်...

လင်းကြယ်ဖြူ said...

ကဲ ..ခုလို မြန်မြန် Tag လိုက်တာကျေးဇူး။Time Differenceဖြစ်နေတော့ မိုးခါးဆီမှာ မနက်ဆိုရင် ကျွန်တော် ကတစ်မျိုးဖြစ်နေလို့ Comment ပေးတာနောက်ကျနောက်ကျနေတယ်။တစ်နေ့တော့ ကထမဆုံးပေးနိုင်အောင်ကြိုးစာပါ့မယ်။ခုလည်းအလုပ်ကပြန်ရောက်မှ
မန့်ရတာ...Anyway ..ကျေးဇူးအထူး..

လင်းကြယ်ဖြူ said...

ကဲ ..ခုလို မြန်မြန် Tag လိုက်တာကျေးဇူး။Time Differenceဖြစ်နေတော့ မိုးခါးဆီမှာ မနက်ဆိုရင် ကျွန်တော် ကတစ်မျိုးဖြစ်နေလို့ Comment ပေးတာနောက်ကျနောက်ကျနေတယ်။တစ်နေ့တော့ ကထမဆုံးပေးနိုင်အောင်ကြိုးစာပါ့မယ်။ခုလည်းအလုပ်ကပြန်ရောက်မှ
မန့်ရတာ...Anyway ..ကျေးဇူးအထူး..

WWKM said...

မင်္ဂလာပါ ညီမလေးရေ..
တက်ဂ်ပို့စ်လေး လာဖတ်သွားပါတယ်နော်..

မြန်မာပြည်ရောက်ရင် တိုးတိုးတိတ်တိတ်ဆက်သွယ်ပြီး
ဘလော့ဂ်ဂါမောင်နှမတွေ တွေ့ဆုံပွဲလုပ်ကြတာပေါ့နော့.
း) ပျော်ရွှင်ပါစေ.

မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးပါ ညီမရေ.

တလနွန် said...

လာဖတ်သွားတယ်ဗျို့ 
တွေ့ ချင်နေတဲ့သူတွေနဲ့ တွေ့ ဆုံနိုင်ပါစေလို့ ဆုတောင်းတရ်နော်
ဘလော့ထဲက သူငယ်ချင်းတွေက ခင်ဖို့ ကောင်းမှာပါ...

ခင်မင်ခြင်းနှင့်
တလနွန်

ရွာသားလေးဝိုင်တီယူ said...

မမိုးခါးရေ မောင်မျိုးဆီရောက်တော့ မြင်ချင်တဲ့ ၁၀ယောက်ဖြစ်သွားတယ်။ မြင်ချင်တာနဲ့တွေ့ချင်တာက အတူတူပဲလားဗျ။ ကျနော့အလှည့်ရောက်တော့မယ်

ရဲဝင့်သူ said...

စီဘောက်စ်မှာ ရေးလို့မရဘူးဗျိုး။ ရောက်တယ်ဗျိုး။ :)

မဆုမွန် said...

မိုးခါးလေးရေ မမဒီစနေ တနင်္ဂနွေရေးပေးမယ်နော်...ခရီးထွက်စရာလေးရှိလို့

ကောင်လေး said...

၁၀ယောက်ဘဲမို့လို့တော်သေးတယ်နော်.. အယောက်၁၀၀ ဆိုရင် မလွယ်ဘူးနော်..။

နှင်းစက် said...

ကောင်းပါတယ် ညီမကရေးတတ်တယ် နော် တကယ် မထင်ရဘူး ညီမလို အမတို့ရေးတတ်ချင်တယ် ညီမ ရေးတာတွေက
အလွမ်းအဆွေး ရယ်စရာဆုံနေတာပဲ တော်တယ်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...