Saturday, March 7, 2009

မိုးရွာသော နေ့တစ်နေ့

ကောင်းကင်ကြီးကိုကြည့်လိုက်တော့ မိုးပြာရောင်နဲ့ ကြည်လင်နေရဲ့ .. ကောင်းကင်ကြီးသာ ကြည်လင်နေတာပါ .. ကျမစိတ်တွေကတော့ နောက်ကျနေခဲ့တယ် .. ကောင်းကင်ကြီးကြည်လင်တာကို သဘောကျပေမယ့် ကောင်းကင်လို ကြည်လင်နိုင်ဖို့ကိုတော့ မကြိုးစားခဲ့ဘူး .. ကောင်းကင်ကြီးကြည်လင်တာ နောက်ကျိတာ ကျမအလုပ်မှ မဟုတ်ပဲ .. ကျမနဲ့မှ မဆိုင်တာ .. ကျမခုခံစားနေရတာတွေသာ ကျမနဲ့ဆိုင်တာမဟုတ်ဘူးလား ..



ကျမစိတ်တွေ ညိုမှောင်နေတယ် .. ဘာလို့လဲ .. အဖြေကို သေချာလိုက်စဉ်းစားတော့လည်း အကြောင်းအရာ မယ်မယ်ရရက မရှိ .. စိတ်တွေ ညစ်ညူးနေတယ် .. အကြောင်းရင်း ဇစ်မြစ်ကို ရှာကြည့်တော့ အဖြေကေ၀၀ါးလို့ ..

ကောင်းကင်ကြီးကိုကြည့်နေတုန်း တိမ်ညို တိမ်မဲတွေ တရိပ်ရိပ် တလိတ်လိတ် တက်လာတယ် .. ကျမ ပျော်မိသလိုပဲ .. ကောင်းကင်ကြီးလည်း ကျမလိုပဲ ညစ်ညူးလာပြီ .. ကြည်လင်နေတဲ့အရောင်တွေ ပျောက်ကွယ်လို့ပေါ့ ..

ကြည့်နေရင်းနဲ့ပဲ ကောင်းကင် ညိုမှိုင်းမှိုင်းကြီးက ဒေါသတွေ ၀မ်းနည်းမှုတွေကို မိုးရေစက်တွေ အဖြစ်နဲ့ ရွာချလိုက်တယ် .. ကျမ စိတ်ထဲ တော်တော်ကျေနပ်သွားတယ် .. ပြီးတော့ မိုးသံလေသံတွေနဲ့ အတူ ကျမရဲ့ ၀မ်းနည်းမှု တွေကိုပါ ပေါက်ကွဲပစ်လိုက်တယ် ..

မိုးသံလေသံတွေ တ၀ုန်းဝုန်းကြားမှာ ကျမရဲ့ ငိုသံဆိုတာက မှုန်မွှားမွှားလေးရယ်ပါ .. ဘယ်သူမှ မကြားနိုင်ဘူးလေ .. ကျမ ကောင်းကင်ကြီးကို ကျေးဇူးတင်လိုက်တာ .. ကျမရဲ့ ငိုရှိုက်သံတွေကို ဖုံးဖိပေးထားလို့ပေါ့ ..

PS. ဟိုတနေ့က ရူးကြောင်ကြောင် လျှောက်ရေးထားတာပါ .. ခုတော့အားလုံးအေးဆေး :D

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...