Monday, March 30, 2009

Departures


အခု ရုံတင်နေတဲ့ ရုပ်ရှင်ကားတကားအကြောင်းလေး မိတ်ဆက်ချင်လို့ပါ .. ကားနာမည်က Departures တဲ့ .. ဂျပန်ဒရမ်မာကားပါ .. ကြည့်နေတုန်း ရုံထဲမှာ ငိုသံတွေ ရှိုက်သံတွေ ကြားရပါတယ် .. ရသပေးတယ် .. ခံစားမှုပေးတဲ့ ကားလေးလို့ပြောချင်ပါတယ် .. တရားသဘောလေးတွေပါသလို မိသားစု ပြသနာလေးတွေ တဦးနဲ့တဦးကြား အထင်အမြင်လွဲမှားမှုလေးတွေနဲ့ တကားလုံး ကြည့်ကောင်းပါတယ် .. နောက်ပိုင်းမှာလည်းဇာတ်အရှိန်လေးနဲ့ သူ့သဘောတရားလေးကို တော်တော်သဘောကျပါတယ် ..

အတိုချုံးပြောရရင် မင်းသားက သူဝါသနာပါတဲ့ cello(တယောအကြီးစား) တီးခတ်သူတဦးပါ .. တရက်တော့ ကုမ္ပဏီရုတ်သိမ်းလိုက်လို့ သူ့အလုပ်လည်း ပျက်သွားပါတယ် .. ဒါနဲ့ သူတို့လင်မယားနှစ်ယောက် မင်းသားရဲ့ ဇာတိနယ်ကို ပြန်လာနေကြပါတယ် ..

တရက်တော့ သတင်းစာထဲက အလုပ်ခေါ်စာကြောင့် မင်းသားသွားလျှောက်ရင်း ဘုမသိဘမသိ အလုပ်ရသွားပါတယ် .. သူလုပ်ရတဲ့အလုပ်က သေပြီးသူတွေကို မီးသဂြိုလ်ခါနီး ရေချိုးပေးပြီး အလှပြင်ပေးရတဲ့အလုပ်ပါ .. စစချင်းမှာတော့ မင်းသားအနေနဲ့ အတော် အော်ဂလီဆန်ပါတယ် .. နောက်တော့ မိသားစုတစုမှာ အမျိုးသမီးတဦးရဲ့ အလောင်းကို သွားပြင်ဆင်ပေးချိန်ကစပြီး ကျန်ရစ်သူတွေအတွက် ဆုံးရှုံးလိုက်ရတဲ့ သေဆုံးသူ နောက်ဆုံးအချိန်မှာ လှလှပပမြင်သွားတွေ့သွားနိုင်အောင် လုပ်ဆောင်ပေးနိုင်မှုအပေါ် ကျေနပ်နှစ်သိမ့်ရာက သူလုပ်နေတဲ့အလုပ်ရဲ့ မွန်မြတ်ပုံကို သိမြင်သွားပါတယ် .. အဲဒီချိန်ထိ သူဘာအလုပ်လုပ်နေတယ်ဆိုတာ သူ့မိန်းမရော ပတ်ဝန်းကျင်ရော မသိပါဘူး .. တရက် ပတ်ဝန်းကျင်နဲ့ သူ့မိန်းမ သိသွားတဲ့အခါ ....

နောက်တပိုင်းက မင်းသား အသက်၆နှစ်မှာ ဖခင်ဖြစ်သူက မိန်းမရော ကလေးရောကို စွန့်ပစ်ပြီး တခြားကိုထွက်သွားခဲ့ပါတယ် .. ဒီအတွက် မင်းသားက ဖခင်ကို ချစ်ပေမယ့် နာကြည်းစိတ်ဝင်နေပါတယ် .. အဲလိုစွန့်ပစ်သွားတဲ့အကြောင်းရင်းကိုလည်း နောက်ဆုံးမှ သိခွင့်ရခဲ့ပါတယ် .. သိတဲ့အချိန်မှာ မင်းသားဖခင်ကသေဆုံးနေနှင့်ပါပြီ .. ဖခင်ရဲ့ နောက်ဆုံးခရီးအတွက်လည်း သူကိုယ်တိုင်ပဲ ပြင်ဆင်ပေးခဲ့ပါတယ် ..

ဇာတ်လမ်းအစုံကိုသိချင်ရင်တော့ ရှာကြည့်လိုက်ပါလို့ .. ကျမက ဘာသာပြန်မကောင်းလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ် ..




8 comments:

Phyo Maw said...

ဖတ်ပြီးကြည့်ချင်စိတ်တွေ ပေါ်လာမိတယ်။
ဝေမျှခြင်းအတွက် ၀မ်းသာ၏။

Welcome said...

ရုပ်ရှင်မကြည့်ဖြစ်တာ ကြာပြီ၊ အချိန်မရတာ ဖြစ်တယ်။ DVD ခွေတွေ အသစ်ထွက်ရင်တော့
ဝယ်စုထားတယ်။ အားမှ ပေါင်းစုကြည့်မလို့။
ဒီဇာတ်ကားလဲ ၀ယ်ထားတယ်။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါအုန်းမယ်၊ ညွှန်းတာ ကောင်းလို့။

ရွာသားလေးဝိုင်တီယူ said...

ဒီဇာတ်ကားကို ကြည့်ဖို့ကြိုးစားနေတာမအောင်မြင်သေးဘူးဗျာ

ရွာသားလေးဝိုင်တီယူ said...

သွေးလှူဖြစ်ခဲ့ပါသလားခင်ဗျာ

ကောင်လေး said...

အလွမ်းကား အငိုကားဆိုကြည့်ချင်ဘူး..။ နဂိုကတည်းမှ စိတ်ညစ်နေတာလေ မိုးခါးရယ်..။ မိုးခါးကောင်းရင် ပြီးတာဘဲနော်.. ကောင်လေးကြည့်တော့ဘူး..။ ရှဲရှဲ..။

သက်ပိုင်သူ said...

ကြည့်ပြိးသွားပြိ။ ဒီနှစ်ရဲ့ အကောင်းဆုံး ရုပ်ရျင်ပါ။ နောက်ဆုံးခန်းမှာ တော်တော်များများ ငိုကြတယ်

ဘာတွေတုန်း said...

ကြော်ငြာကောင်းလို့ ကြည့်ချင်စိတ်တောင် ပေါက်လာပြီ။

ဏီ(န်)ကင်း said...

စိတ်ဝင်စားတယ်... ရှာနေတယ်အခု..
ကျွန်တော်ကရုပ်ရှင်သရဲ...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...