Thursday, March 19, 2009
မျှော်လင့်မိတဲ့ အမောများ
ကျမမှာ မကောင်းတဲ့အကျင့်တွေရှိတယ် .. ဒါတွေက မကောင်းဘူး ပြင်သင့်တယ်ဆိုတာ သိပေမယ့်လည်း မပြင်နိုင်သေးဘူး .. ဒါပေမယ့် ကြိုးစားပြီးတော့ တော့ ပြင်နေပါတယ် ..
ကျမ ငယ်ငယ်ကဆို ကိုယ်မကျေနပ်ရင် မကျေနပ်ဘူးဆိုတာကိုပြောလိုက်ရမှ နေသာထိုင်သာရှိတယ် .. စိတ်မပါဘူး မလုပ်ချင်ဘူးဆိုတဲ့ကိစ္စဆိုရင်လည်း ဘယ်သူခိုင်းခိုင်း မလုပ်တတ်ဘူး .. ငယ်ငယ်တုန်းကတော့ နေချင်သလို နေနိုင်တဲ့အခွင့်အရေးလည်းရှိတာကိုး ..
ဒါပေမယ့် နောက်ပိုင်းကျတော့ ကျမ စာတွေဖတ်ဖြစ်တယ် .. မှတ်မှတ်ရရ စစချင်း(၀တ္တုတို့ ကာတွန်းတို့ကလွဲရင်ပေါ့) တရားစာအုပ် စကိုင်ဖြစ်တာက ဆရာတော် ဦးဇောတိကစာအုပ်တွေပါ .. ငယ်ငယ်က ဖေကြီးက သဘောင်္လိုက်တယ် .. မေကြီးကို စာအုပ်တွေမှာရင် ၀ယ်ပို့ပေးပြီး ပြန်လာပြီး ပြန်ထွက်တော့ မယူသွားဖြစ်တဲ့စာအုပ်တွေ ဘုရားစင်အောက်က ဗီဒိုလေးထဲမှာ ထည့်ထားတတ်တယ် .. ၁၀တန်းအောင်ပြီး အိမ်နဲ့ သင်တန်း တက်တုန်းကာလက နေ့ခင်းဘက်ဆို အပေါ်ထပ်မှာ ကျမတယောက်တည်းရှိတာများတယ် .. အဲလိုမျိုးဆို ပျင်းပျင်းနဲ့ စာအုပ်တွေမွှေနှောက်ဖတ်တတ်တယ် .. အဲလိုစာတွေဖတ်ရင်း အသိလေးတွေရှိလာတယ် .. (နဲနဲပေါ့ ..း) ဘယ်ကိစ္စက သင့်တော်လဲ ဘယ်ကိစ္စက မသင့်တော်ဘူးလဲ .. ဘယ်လုပ်ရပ်ကကောင်းလဲ မကောင်းလဲ စသည်ဖြင့် တွေးတော ဆင်ခြင်တတ်လာတယ် .. စာအုပ်က ရတဲ့ အသိနဲ့ပေါ့ ..
အရင်ကဆို ကိုယ်ဒီလူတယောက်ကို မကျေနပ်ဘူးမလား .. ချက်ချင်းပြန်တုန့်ပြန်တတ်တယ် .. မတုန့်ပြန်နိုင်ရင်တောင် စိတ်ထဲ တနုံ့နုံ့နဲ့ ပေါ့ .. နောက်တဖြည်းဖြည်းနဲ့ စာတွေမှာရေးထားသလို အားလုံးက ဧည့်သည်တွေပဲ .. အားလုံးက သေလူတွေပဲ .. အသက်ရှင်လာပြီဆိုကတည်းက သေဖို့ တရွေ့ရွေ့လှမ်းနေကြတာပဲ .. ကိုယ်ချစ်တဲ့လူလည်းသေမှာပဲ ကိုယ်မုန်းတဲ့လူလည်းသေမှာပဲ .. ကိုယ်တိုင်လည်း တနေ့ သေရမှာပဲ .. သူ့ကိုမုန်းတဲ့အတွက် ကိုယ်ပဲရှုံးတာပဲ .. ကိုယ့်အချိန်တွေထဲက ဖဲ့ပေးပြီး သူ့ကိုမုန်းနေတော့ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေ နှောင့်နှေးနေပြန်ရော .. စတာတွေကို သိလာရတယ် .. သိတယ်ဆိုပေမယ့် သိတဲ့အဆင့်ပဲရှိပါသေးတယ် .. လက်တွေ့မှာတော့ ခံစားလွယ်တုန်း တုန့်ပြန်လွယ်တုန်းပေါ့ .. ပြင်ရမယ် ပြင်သင့်တယ်ဆိုတာသိပေမယ့် မပြင်နိုင်သေးဘူး ..
ပြီး နောက်တခုက ကျမအကျင့်က ဒီလူကို မခေါ်မပြောချင်ဘူးဆို လှည့်ကိုမကြည့်တတ်တာ .. အားနာတယ်ဆိုတာလည်းမသိဘူး .. ကြည့်မရရင်လည်း ကြည့်မရဘူးပဲ .. ကြည့်မရတဲ့အကြောင်းက ဘာလဲဆိုရင်လဲ တိတိပပ မသိ .. မုန်းချင်လို့ကိုမုန်းတာ .. မခေါ်ချင်လို့ကိုမခေါ်တာ .. အဲလိုမျိုးဆိုးပါတယ် .. အဲဒီတော့ မေကြီးက ပြောတယ် .. သမီးတဲ့ လူတွေနေတဲ့နေရာမှာ နေနေသရွေ့တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာပဲတဲ့ .. လူတွေနဲ့ အဆက်အဆံမလုပ်ချင်ရင် တောထဲသွားနေမှပဲရမယ်တဲ့ ..
ကျမက ခေါင်းမာတယ် .. ပြန်မပြောနားမထောင်ပေါ့ .. ဆူရင် မထုံတက်တေးနဲ့ နောက်ကွယ်ကျ လုပ်ချင်ရာလုပ်တတ်တယ် .. ကိုယ်မှန်တယ်ထင်တဲ့ကိစ္စဆို လုပ်ရော ဘယ်သူ့ပြောစကားမှနားမထောင်ဘူး .. ကိုယ့်ဥာဏ်လေး တထွာတမိုက်လောက်နဲ့ ကိုယ့်ကိုယ် မှန်တယ်ထင်နေတာ တော်တော်လည်းရီစရာကောင်းပါတယ် .. အဲဒီတုန်းကတော့ ဟုတ်လှပြီပေါ့ .. :D
ခုတော့ အရင်တုန်းကလို သိပ်မလုပ်တော့ဘူး .. (လုပ်လို့ရတဲ့လူကိုတော့ လုပ်သေးတယ် :P) လုပ်ငန်းခွင်လည်းဝင်နေရပြီ သူများနိုင်ငံလည်းဖြစ်တယ်လေ .. အပိုးကျိုးနေပြီပေါ့ .. မပြောချင်လည်းပြောရတယ် .. မခေါ်ချင်လည်းခေါ်ရတယ် .. မသိချင်ယောင်ဆောင်နေလို့မရတော့ဘူး .. ကိုယ်ပြသနာဖြစ်လည်းလိုင်းရှင်းပေးမယ့် မိဘက အနီးအနားမှာ မရှိ .. ပြောရင်း ကိုယ့်ကိုယ်တောင် သနားလာပြီ .. :P
ခုဒီမှာတော့ မမြင်ချင်ပေမယ့်လည်း ကြည့်တတ်နေပြီ .. မရီပြချင်ပေမယ့်လည်း ရီပြတတ်နေပြီ .. မပြောချင်ပေမယ့်လည်း စကားလုံးတွေရှာပြီး ပြောတတ်နေပြီ .. စိတ်ထဲက မပါတာတွေလုပ်ရတာ တော်တော်လည်း မောပါတယ် .. ဒီထက်ပိုပြီးရင့်ကျက်သွားမယ့် အသက်ပိုင်းကျရင်တော့ ရင်ထဲမှာကို ရှင်းရှင်းလင်းလင်းထားပြီး အားလုံးကို စိတ်ပါလက်ပါ ရီပြ ပြုံးပြ နှုတ်ဆက်ပြတတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ..
Subscribe to:
Post Comments (Atom)
9 comments:
တနေ့ အနည်းဆုံး ၃ယောက် ကို ချီးကျူးစကား ပြောနိုင်အောင် ကြိုးစားပါတဲ့ ဖတ်ဖူးတာပဲ။
( ဆိုင်မဆိုတော့ မသိဘူးလေ )
လုပ်ငန်းခွင်ဝင်နေရပြီဆိုလို့ office temper ဆိုပြီး utube မှာ ကြည့်တုန်းက တော်တော်ဆိုးတာ။
တခုခုဖြစ်တိုင်း တရုတ်တွေနဲ့ ပြောနေကျ စကားပဲ ပြောရမယ်ထင်တယ် jia yo :D cheer!!
ကျားယိုပါတယ် .. သူများကိုလည်းကျားယိုပါတယ် .. ကိုယ့်ကိုယ်လည်း ကျားယိုပါတယ်.. :D
ခုချိန်မှာမိုးခါးက အဲ့လိုတွေးနေတော့ ၀ှိုက်ထက်ပိုရင့်ကျက်တယ် တော်တယ် ဆက်လုပ် :P
ဟုတ်တယ် မိုးခါး ရေ့ ကျနော်တို့တွေက လတွေထဲက လူတွေမို့ကင်းမှမကင်းနိုင်တာပဲနော့် ဒါကြောင့် တည့်အောင်ပေါင်းရတာပါပဲ လူအမျိုး၂ဆိုတော့စိတ်ဓာတ်တွေလည်းအမျိုး၂ပေါ့
ကျနော်တို့ဟန်ဆောင်ခြင်းအနုပညာကို တတ်မြောက်မှပဲ အဆင်ပြေတော့မယ်.....ပွဲဈေးမှာရောင်းတဲ့ မင်းသားမျက်နှာဖုံးစွပ်လေးသွားသတိရတယ်ဗျ။
ကောင်လေးလည်း မိုးခါးလိုဘဲ ကိုယ်မခေါ်ချင်တဲ့သူဆို ရင် အရင်က လှည့်တောင်မကြည့်ဘူး. အခုတော့ အဲလိုလုပ်လို့ ရတော့ဘူး..။ တရားစာတွေဖတ်ပါများ ပြီး သီလရှင် ၀တ်ချင်စိတ်တွေပေါက်သွားအုံးမယ်နော်..။ :-)
လူနဲ့ လူ့ပတ်ဝန်းကျင်မှာ ဆက်ဆံရေး နယ်ပယ်က ကျယ်ပြောလှပါတယ်။ ကိုယ်က အကောင်းဆုံးလို့ ထင်ထားပေမယ့် တဖက်လူရဲ့ စိတ်မှာ လိုသေးတယ်လို့ ထင်ချင် ထင်နေမှာပါ။ ဒါကြောင့် အရာရာ ဂရုစိုက်ပါ။ အချိန်က လူရဲ့ စိတ်ကို ရင့်ကျက်စေနိုင် သလို၊ တန်ဖိုးရှိတဲ့ စာအုပ် စာပေ တွေကလည်း လူရဲ့ စိတ်ကို နူးညံ့စေတယ်၊ အမှား အမှန်ကို ဝေဖန် ပိုင်းခြား နိုင်အောင် လမ်းညွှန်း ပေးပါတယ်။ ကိုယ်ကသာ အကောင်းဆုံးကို လက်ခံယူဖို့ တာဝန်ရှိသူပါ။ သယ်ချင်းတစ်ယောက် ဆင်ဆင်ပြေ ပါစေနော်
ဝှိုက်ရယ် မထင်ပါနဲ့ ..
မောင်မျိုးရေ dark note ထဲက မျက်နှာဖုံးလေးတော့သဘောကျတယ် ..
ကောင်လေးပြောသလောက်တော့ မပေါက်မြောက်လောက်ဘူးထင်ပါရဲ့ ..
ကိုဝင်းဇော် စကားအတွက် ကျေးဇူးတင်ပါတယ် ..း)
မိုးခါးရေ
စိတ်ထဲက တကယ်ပါအောင် ပြုံးနိုင်လာရင် ပို ကောင်းမှာပါ။
ကျွန်တော်လည်းကြီုးစားနေတုန်းပဲ။
မိုးခါးနဲ့ မဗေဒါနဲ့ တော်တော်တူနေပြီ.. မဗေဒါလဲ ကိုယ်ကြည့်မရတဲ့သူဆို လုံးဝဟန်ဆောင်ပြုံးပြလို့မရခဲ့ဘူး... အဲလို အကျင့်တွေကြောင့်လဲ ဒီနိုင်ငံက ကတုံးပေါ်ထိပ်ကွက်.. ဖော်လန်ကပ်ဖား.. စကားရောင်းစကားဝယ်.. ပလီပလာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေပဲ အလုပ်လဲ ပြောင်းရတာ ၃ခါရှိပြီ.. ခုတော့ ကိုယ့်ဘက်ကလဲ ပြင်မှဆိုပြီး ကြိုးစားနေရတယ်... ခုတော့ ကြိုးစားဆဲပဲ.. အခြေအနေကတော့ မုန်းတဲ့သူလဲ စကားပြောလာနိုင်ပြီ.. ပြုံးလဲ ပြုံးပြနိုင်လာပြီ.. ဒါပေမဲ့ စကားအခြေအတင်ပြောရတဲ့နေရာဆိုရင်တော့ မျက်လုံးက ဒေါသကို ထိမ်းမရသေးဘူး.. မျက်လုံးက စိတ်ထွက်ပေါက်လေ.. ခက်တာက.. မဗေဒါအလုပ်က မျက်နှာဖုံးစွပ်ရတော့.. ပြုံးပြတဲ့ပါးစပ်ကို မမြင်ပဲ.. ဟန်ဆောင်မရတဲ့ ဒေါသမျက်လုံးတွေကိုပဲ သူတို့မြင်နေကြတယ်ထင်တယ်.. ဆက်လက်ကြိုးစား ဟန်လုပ်လိုက်ပါအုံးမယ်... မိုးခါးလဲ.. ကျားယို... အဟီး..
Post a Comment