Monday, March 23, 2009

ဝါသနာလေးများ

ပထမ မောင်မျိုးက တက်တယ် .. နောက်တော့ ကိုဝင်းဇော်က တက်ပြန်ရော .. တော်သေးတယ် .. ခေါင်းစဉ်က တူတူပဲ .. မရေးချင်လည်းရတယ်တဲ့ .. ရေးပေးစရာလား .. ဘာမှရေးစရာအကြောင်းမရှိဘူး .. :P .. ဟဲဟဲ အလယ်ကားပြောတာ .. ရေးချင်လွန်းလို့ ဘယ်သူတက်မလဲစောင့်နေတာ .. :D .. တခါတည်း ကြိုစဉ်းစားထားတယ် .. ဘယ်သူ့ဆက်ဒုက္ခပေးရကောင်းမလဲလို့ ..

ကိုယ့်ရဲ့ ၀ါသနာလေးတွေ ဖလှယ်ကြမယ်တဲ့ ..

ကျမမှာ ၀ါသနာတွေက တော်တော်များတယ် .. ငယ်ငယ်ကနေ ခုချိန်ထိပဲ .. ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာတွေပေါ့ ..

ငယ်ငယ်လေးတုန်းက အရမ်းချစ်ရတဲ့ အမ၀မ်းကွဲတယောက်က သူ မဖြစ်ခဲ့တဲ့ ဆရာဝန်ဖြစ်စေချင်တုန်းက ဆရာဝန်ကို ၀ါသနာပါသလိုလို .. တကယ်တော့မဟုတ်ပြန်ဘူး .. ကြားပါများလို့ လိုက် ယောင်နေတာလေ .. ၁၀ တန်းလောက်ထိ တကယ်ဖြစ်ချင်တာက အင်ဂျင်နီယာ .. ဘာရယ်တော့မသိဘူး .. တိုက်တွေဆောက်တဲ့ အင်ဂျင်နီယာဖြစ်ချင်ခဲ့တာ .. တကယ် လက်တွေ့ကျတော့ မဖြစ်ခဲ့ဘူး .. ၁၀ တန်းအောင်ပြီးတော့ ဒေးတက်မယ်ဆိုပြီး အင်ဂျင်နီယာကို ပထမဦးစားပေး .. အီကိုကို ဒုတိယ ဦးစားပေးနဲ့လျှောက်ခဲ့တာ .. အိမ်ကိုခေါ်စာလာတော့ အီကိုပဲလာခဲ့တယ် .. ဘာပဲလာလာ ဒီကတော့ အေးဆေးပဲ .. အင်ဂျင်နီယာမရပါလားဆိုပြီးလည်း ဘာဖီလင်မှမရှိခဲ့ဘူး .. ဒီတော့ အင်ဂျင်နီယာဖြစ်ချင်ခဲ့တယ်ဆိုတာလည်း ရင်ထဲက မပါခဲ့ပြန်ဘူးထင်တယ် ..




ကံတရားကပဲဆန်းကျယ်တာလား .. ကျမစိတ်ကပဲ အပြောင်းအလဲမြန်လွန်းတာလား များလွန်းတာလားတော့ မသိဘူး .. သူငယ်ချင်းတွေနဲ့ အတူ အဖော်ကောင်းတာနဲ့ လုံးဝ ၀ါသနာမပါတဲ့ အီကိုကို အဝေးသင်ပဲတက်ခဲ့တယ် .. ဒီလိုနဲ့ပဲ ကျောင်းပြီးသွားခဲ့တယ် .. အဲလိုဆိုတော့ ကျမမှာ ဘ၀နဲ့ချီပြီး ပါခဲ့တဲ့ ၀ါသနာ ဖြစ်ချင်ခဲ့တဲ့ ၀ါသနာဆိုတာ မရှိခဲ့ဘူးလား .. ကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး .. ဖြစ်နိုင်တာကတော့ ရည်မှန်းချက် မရှိတာ ဖြစ်လိမ့်မယ်ထင်တယ် .. :D

နောက်ထပ် ဘ၀နဲ့ မချီတဲ့ ၀ါသနာတွေတော့ ရှိတယ် .. အများကြီးပဲ .. ဒါပေမယ့် အဲဒါတွေကျတော့ လုပ်ပိုင်ခွင့်နဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး ခဏခဏ ပြောင်းလဲပြန်ရော .. သီချင်းဆိုတာလည်း ၀ါသနာပါတယ် .. စီးရီးထုတ်ပေးမယ့်လူသာရှိရင် တက်ဆိုတယ် :P .. (ထုတ်ပေးချင်တဲ့လူရှိရင် အကြောင်းကြားနိုင်ပါတယ် .. အသံကတော့ အဟတ်ဟတ် :P.. အရမ်းကောင်းတယ်လို့ ပြောချင်တာပါ :D)

နောက်တခုက စာဖတ်တာ .. အိမ်မှာတယောက်တည်းရှိလို့ကတော့ ၀တ္တုစာအုပ်ကို ၃အုပ်လောက်ငှားပြီး ဆက်တိုက်ထိုင်ဖတ်တာ .. ခုတော့ မလုပ်ဖြစ်နိုင်တော့ဘူး .. စာအုပ်ကိုဖတ်ပြီးဆို အဆုံးထိ တဘရိတ်ထဲဖတ်လိုက်ရမှ ကျေနပ်တယ် .. အဲဒီချိန်ဘယ်သူခိုင်းခိုင်း မထဘူး .. နောက်မှလုပ်မယ်ဆိုတာ လက်စွဲစကားပေါ့ .. :D

နောက်ထပ်နောက်ထပ်တွေလည်း အများကြီးပဲ .. ခရီးထွက်တာလည်း ၀ါသနာပါတယ် .. ဒါကိုတော့ တော်တော်များများလည်း ကြိုက်ကြမယ်ထင်တယ် .. ၀ါသနာလို့ ပြောနိုင်လားတော့မသိဘူး .. နှစ်သက်တဲ့ထဲပဲထည့်ရမလား .. ???

ပြီးတော့ ဟိုစပ်စပ် ဒီစပ်စပ် သူများယောင် လိုက်ယောင်တာလည်း ၀ါသနာပါတယ် .. သူငယ်ချင်းတွေနဲ့ လပ်ယားလပ်ယားလုပ်တာလည်း ၀ါသနာပါတယ် .. အိပ်တာနဲ့စားတာလည်း အပါအ၀င်ပေါ့ .. အစားကိုတော့ ဒီလောက် မမက်ဘူး .. အအိပ်ကို အရမ်းမက်တယ် .. မစားရရင်နေပါစေ အိပ်နေမယ်ဆိုတဲ့ လူစားမျိုး .. :D (ကိုယ့်ကိုယ် ဒီလောက် အမွှမ်းတင်နေမိပါပကော .. :P)

တကယ်အတည်ကြီး ၀ါသနာပါတာကတော့ ကွန်ပျူတာပဲ .. ကွန်ပျူတာရှေ့ရောက်ရင် ထမင်းမေ့ဟင်းမေ့ .. ပြီးတော့ စာရေးတာ ခုလို ဘလော့ရေးတာပေါ့ .. ကျမက စွဲစွဲမြဲမြဲ လုပ်တတ်တဲ့အကျင့်မရှိဘူး .. ခဏပဲ .. ခုတော့ ဘလော့ရေးတာနဲ့ ဖတ်တာ ကွန်ပျူတာကလိတာ ဒီဝါသနာတွေတော့ ပျောက်ပြယ်တော့မယ်မထင်ဘူး .. တော်တော်လည်းစွဲနေတယ် .. ကိုယ့်ရဲ့ စိတ်ကူး ခံစားချက်တွေကို စာအဖြစ်နဲ့ ရေးချရတာ ၀ါသနာဖြစ်သွားပြီ .. ခုစွဲမြဲနေတဲ့ အမူအကျင့်နဲ့ ၀ါသနာလို့ဆိုရင်တော့ စာရေးတာ၊ သီချင်းနားထောင်တာ၊ ဘလော့မွှေတာ၊ ကွန်ပျူတာ ကလိတာလို့ပဲ ခေါင်းစဉ်တပ်ရလိမ့်မယ်ထင်ပါတယ် ..

ခု ကိုယ်ရေးတဲ့စာကို ပြန်ဖတ်ကြည့်လိုက်တော့ ကိုယ့်မှာ စွဲမြဲတဲ့ ၀ါသနာဆိုတာမှုန်ဝါးဝါးဖြစ်နေသလိုပဲ .. လုပ်ချင်တာထက် လုပ်သင့်တာတွေနဲ့ အသားကျနေရတဲ့ ဘ၀ကြီးထဲမှာ ၀ါသနာ ကြီးကြီးမားမားမရှိတာပဲ ကိုယ့်ကိုယ် ကျေးဇူးတင်ရမလိုလို .. :D နို့မဟုတ်ရင် စိတ်ဆင်းရဲနေရဦးမယ် .. :D (ဖြေတွေးခြင်း :P)

မှတ်ချက် ။ ။ ကိုယ့်စာကိုယ်ဖတ်ပြီး ကိုယ့်ကိုကိုယ် ကြီးပွားတိုးတက်မယ့်လူလို့ မှတ်ချက် ချမိပါကြောင်း .. :P (သူများမပြောခင်ကြိုပြောထားတာ .. သူများအပြောတော့မခံဘူး .. :D)

ဆက်ပြီး ဒုက္ခပေးလိုက်ဦးမယ် .. သူငယ်ချင်းများဖြစ်ကြသော .. ဗညားရှိန် ပီအမ်(ဖြိုးမော်) ဘာတွေတုန်း မိုးသောက်(ရှမ်းလေး) ကဗျာမလေး သီဟသစ် မေဒီဇာ တို့ကို ဆက်ဒုက္ခပေးပါတယ် .. စပ်စုကြည့်တာပေါ့ .. ဘာတွေများဝါသနာပါမလဲလို့ .. ရေးပေးကြနော် .. မရေးရင် မခင်ဘူးမှတ်လိုက်မယ် .. :D

နောက်တိုး သက်ပိုင်သူ အစကတည်းက တက်မလို့ .. စာတွေနဲ့ အလုပ်ရှုပ်နေမလားဆိုပြီး စေဒနာနဲ့ မတက်တာ .. ခုတော့ တက်လိုက်ပါပြီ ..


14 comments:

thetpaingthu said...

taw tay tal..
yin ta htate htate nae... phat thwar tal..
hee heee..
thetpaingthu so tae.. name lay myar.. par lar ma lar loe..
taw tay tal..
ha ha ha

မောင်မျိုး said...

း) ဘာမှ မဖြစ်တာတွေကို တို့တွေအတွက် ၀ါသနာပေါ့ ဟိုဟာလည်းမဟုတ် ဒါလည်းမဟုတ်နဲ့ တစ်ခါခါတော့လည်း အဲ့တာပဲကောင်းတယ်ထင်တာပဲ တကယ်ကြီးဝါသနာပါပြီး မဖြစ်ခဲ့ရင် ကြိုးစားလျှက်နဲ့မရခဲ့ရင် ကိုယ်ပဲခံစားရတာလေ အဲ့တာကြောင့်ဖော့ဖော့လေးပဲ တွေးတော့တယ် ။ ရေးပေးတာ ကျေးဇူးသယ်ရင်းရေ့ ဘလော့ရေးတာ ၀ါသနာ ပါတာချင်းတူနေတယ် ။ ဒါနဲ့ ကော့မန့်ပေးဖို့ ကလစ်လိုက်ရင် ဘာတွေပေါ်လာလဲမသိ ပို့စ်ကလွဲပြီးအောက်က စာသားတွေက ဘာဖောင့်တွေလည်းမသိဘူး ရမ်းနှိပ်နေရတယ် ။ င်္ဇီးသီးထုတ်ပေးမယ်ဝေ့ ထီပေါက်ရင် ။

နွေးနေခြည် said...

တက်ဂ်လိုက်တာ သုံးယောက်တောင် ဘုံတူနေပါလား.. ဟားဟား

Phyo Maw said...

သူ့အကြောင်းတွေ ပေါ်ကုန်ပြီလို့ မခံစားရဘူးလားဟင် :P
စဆုံး တပြုံးပြုံး ဖတ်မိကော...

tag တဲ့လူ နာမည် စာရင်းမှာ ထပ်ထည့်ပေးမယ် sis ကိုလည်း :D
(မျက်နှာချို သွေးခြင်း...)

Phyo Maw said...

သူ့အကြောင်းတွေ ပေါ်ကုန်ပြီလို့ မခံစားရဘူးလားဟင် :P
စဆုံး တပြုံးပြုံး ဖတ်မိကော...

tag တဲ့လူ နာမည် စာရင်းမှာ ထပ်ထည့်ပေးမယ် sis ကိုလည်း :D
(မျက်နှာချို သွေးခြင်း...)

မေဒီဇာ said...

အဟင့်... ဒါပဲ ပြောချင်တယ်။ မနေ့ကလည်း သီဟသစ် လာတက်ဂ်ထားသေးတယ်။ ရေးမယ်နော်... မကြာမှီ လာမည်မျှော်ဟော်ဟော်ဟော်... :(

မိုးခါး said...

သက်ပိုင်သူ = ဒီလိုဘယ်ရမလဲ တက်လိုက်ပြီ
မောင်မျိုး = ဇီးသီးထုတ်ပေးမယ်ဆိုလို့ သိုင်းကျူး ..ဘာတွေပေါ်မှန်း မသိတာတော့ ငါါလည်းလုပ်တတ်ဘူး :P
နေခြည် = ဘူတုံတယ်ဆိုတော့ စိတ်ချင်းဆက်တဲ့သဘောပေါ့ :D
ဖြိုးမော် = နာမည်ထည့်ပေးလို့ သိုင်းကျူး
မေဒီ = မြန်မြန်ရေးပါ မျှော်နေမည် :D

thetpaingthu said...

yat sat par pay..
moe kar: yay...
a hinnt..
dee hmar... blog tway .. win loe ma ya loe... sate pain nay tar...
tar tar... tay chin tal....
a hinnnt.. ahinnt.. byae....

မိုးခါး said...

ဒီလိုသဘောမထားပါနဲ့ တက်ပိုင်တူရယ် .. ဒါက ခင်လို့မင်လို့ ကျီစယ်တာလေ .. :D

ပြည့်စုံ said...

ဝါသနာတွေတော့ သိကုန်ဗျို့....

ပျော်ရွှင်ပါစေဗျာ....

မြန်မာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ...

သင်္ကြန်မှာ ကဲနိုင်ပါစေ... :)

Welcome said...

ကိုယ်ကတဂ်ထားပြီး တော်တော် နောက်ကျမှ ကျေးဇူးတင်ကြောင်း လာပြောရတာ တောင်းပန်တယ်။ တကူးတက ရေးပေးလို့ ကျေးဇူး။ ၀ါသနာတူချင်းမို့လို့ ၀မ်းသာတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့ပေမယ့် ဘ၀ကိုတော့ ကျေကျေနပ်နပ် လက်ခံခဲ့တဲ့အတွက် လူတော် လူကောင်းထဲ ပါပါတယ်။

လေးစားလျက်

flowerpoem said...

ဝါသနာကို အရင်းခံ လိုက်တာ တော်များ၂ အ Tag ခံလိုက်ရတာ ဟီး ကောင်းသော ၀ါသနာတွေထွက်လာပြီ ဟီး၂..

ညခင်း said...

တက်ဂ် အရ ၀ါသနာလေးတွေ သိသွားပြီ။ ညီမငယ် ပျော်ရွင်ပါစေ။ ဇီးသီးက ဘယ်သူထုပ်မှာ လဲ။ အဲ စီးရီး...ဟီး

မိုးသောက်(ရှမ်းလေး) said...

tag ထားတာ ရေးပြီးပြီ သယ်ရင်းရေ... လာဖတ်ဦးနော်... မအားလို့ အခုမှ ရေးရတယ်... ကွန်ပြူတာ ကလိတာလက်လွန်သွားတာလဲ ပါတယ်.. ပြန်ပြင်နေရလို့လေ... :P

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...