Wednesday, April 22, 2009

ဗြုတ်စဗျင်းတောင်း

ကျမက တော်တော်ကြောက်တတ်ပါတယ် .. ကြောက်တဲ့အရာတွေကလည်း ခပ်များများရယ် .. သရဲဆိုလည်းကြောက် .. အကောင်ဗလောင်ဆိုလည်းကြောက် .. ရန်ကုန်မှာမိုးရွာလို့ တီကောင်တွေမြင်ရင်တောင်ကြောက်တတ်တယ် .. ပိုးဟပ်မြင်ပြီဆိုလည်း ဘယ်နားပြေးရှောင်ရမှန်းကမသိ .. ကိုယ်ကပြေးလိုက်ပြီဆိုတာနဲ့ ဘာဓါတ်လဲမသိဘူး .. ပိုးဟပ်က ကိုယ်ပြေးတဲ့ဘက်လိုက်ပြေးတာလည်း အခေါက်တိုင်း .. ကိုယ်ကကြောက်လို့ လွတ်တဲ့ဘက်ပြေး .. သူကကြောက်လို့ကိုယ့်ဘက်လိုက်ပြေး အိုး ရှုပ်ရှက်ကိုခပ်နေတာ .. တယောက်တည်းနဲ့ .. အကောင်ဆို သေးသေးလေးကအစ အကြီးကြီးထိကြောက်တယ် .. အိမ်မွေးတိရစ္ဆာန်တွေကိုတော့ မကြောက်တတ်ဘူး .. ချစ်ချင်တဲ့အချိန်ချစ်တယ် .. (စိတ်က အစိုးမရတာလေ ..) ချစ်ဖို့ကောင်းတဲ့အချိန် ကိုယ်စိတ်ကြည်နေတဲ့အချိန်ဆို ကြောင်တွေခွေးတွေကို ပွတ်သီးပွတ်သတ်လုပ်သလောက် စိတ်မထင်ရင်မထင်သလိုလည်း ဖြစ်ညစ်တတ်သေးတယ် ..

သရဲဆိုတာကိုတော့ဘာလို့ရယ်မသိဘူး .. တွေးတွေးပြီးကိုကြောက်တာ .. မေကြီးကပြောတယ် .. သမီးအရင်က မကြောက်တတ်ပါဘူးတဲ့ .. ဟုတ်တယ် အရင်က မကြောက်တတ်ဘူး .. ခုနောက်ပိုင်းမှကြောက်တတ်လာတာ .. ရန်ကုန်မှာတုန်းက သူငယ်ချင်းတယောက်က အမြဲတမ်းသရဲကားယူယူလာတယ် .. အဲဒါကို ကြည့်ကြည့်ပြီး နောက်ပိုင်းကြောက်တတ်သွားတာ ..

သူယူလာတာ သရဲကားက နိုင်ငံပေါင်းစုံက .. တခြားသူငယ်ချင်းတွေကလည်းပေးတယ် .. ဂျပန်သရဲကားတွေရော ကိုရီးယားသရဲကားတွေရော .. သူတို့ကြည့်တော့ ကိုယ်လည်းကြည့်ချင်တာပေါ့ .. ကြည့်ပြီးရင် ရေမချိုးရဲဘူး .. ရေချိုးခန်းဝမှာ တယောက်ကိုစောင့်ခိုင်းပြီး အထဲက တချိန်လုံးအော်နေတာ .. အဲလိုသတ္တိကကောင်းတယ် ..

သရဲတွေကလည်း ခြောက်ပုံခြောက်နည်းကအစုံ .. ရေထဲကထွက်လာလိုက် .. ဓါတ်လှေကားကထွက်လာလိုက် .. ရေပန်းက သွေးတွေကျလိုကျ .. ဟင်း .. ကြည့်ပြီး တွေးတွေးကြောက်တာ .. မျက်နှာသစ်နေတုန်း မျက်လုံးလဲဖွင့်လိုက်ရော ကိုယ့်မျက်နှာရှေ့တည့်တည့်မှာ ကိုယ့်ကိုရီပြီးကြည့်နေမလား .. မှန်ကြည့်တုန်း ကိုယ့်နောက်က ပေါ်လာမလား .. ကုတင်အောက်ပဲရောက်နေမလား .. ကြောက်လိုက်ရတာ .. တရေးနိုး ကုတင်အောက် ခြေထောက်တောင် မချရဲဘူး .. မဖြစ်မနေထရရင်လည်း ခြင်ထောင်ထဲ အမြန်ဒိုင်ဗင်ပစ်ဝင်တာ .. အဲလိုဖြစ်တယ်ဆိုတော့ သူငယ်ချင်းတယောက်ကမေးတယ် .. နင်က အခြောက်ခံဘူးလို့လားတဲ့ .. အခြောက်သာခံရရင် ငါ့ကိုဒီလိုတောင်မြင်ရတော့မှာမဟုတ်ဘူးလို့ပြောလိုက်တယ် .. သတ္တိကောင်းပုံများ .. :P

ငမန်းကား မိကျောင်းကားတွေကိုလည်းသိပ်ကြိုက်တာ .. ကြည့်ပြီးတွေးကြောက်တာပဲ .. အုတ်ကန်ထဲ ရေခွက်နဲ့ရေခပ်နေတုန်း ဘွားဆိုပေါ်လာမလား .. ကိုယ့်လက်ကိုပဲ လှမ်းဆွဲမလား .. တွေးမိတော့လည်းရီချင်တယ် .. :D တကယ်က အိမ်က အုတ်ကန်ကဖြင့် သေးသေးလေး ..

လူသတ်များကြည့်ပြီးရင်တော့ သွေးသံရဲရဲတွေကို အိမ်မက်ထဲထိမြင်ပြီး ကောင်းကောင်းအိပ်လို့မရ .. အဲဒီလူသတ်ကားနေရာမှာလဲ ၀င်ပြီးခံစားလိုက်သေးတယ် .. ကိုယ့်နောက်က လိုက်လို့ ပြေးပြေး .. ပုန်းစရာနေရာရတော့ ကိုယ်ကပုန်းနေတာပေါ့ .. လူသတ်သမားကြီးက ခြေသံပေးပြီးလျှောက်လာ .. ကိုယ့်ဘက်ကို သူကမမြင် .. ကိုယ်က စိတ်ချရပြီထင်တော့မှ သူက ကိုယ့်ဘက်ကို ဗြုန်းကနဲလှည့်ကြည့် .. အိုး တွေးတွေးကြောက်လိုက်ရတာ အစုံပါပဲ ..

ဒါတွေအကုန် အတုတွေအစစ်အမှန်မဟုတ်ဘူးဆိုတာသိသိကြီးနဲ့လည်း တွေးကြောက်တာပဲ .. သေချာတွေးမိရင်တော့ ရီရတယ် .. တကယ် တယောက်တည်းနေရပြီဆိုရင်တော့ ရေချိုးခန်းထဲတောင်မ၀င်ရဲဘူး .. :P

အင်္ဂလိပ်ကားမပြောနဲ့ ကိုယ့်မြန်မာပြည်က မြန်မာမင်းသားမင်းသမီးတွေ မြင်နေကျလူတွေရိုက်တဲ့သရဲကားတွေတောင် သေချာမကြည့်ရဲဘူး .. သရဲဆိုတာနဲ့ စိတ်က အလိုလို ကြောက်စိတ်ဖြစ်မိနေတာဖြစ်မယ် .. ကိုယ်သာ မကြည့်ရဲတာ ရှေ့ဘာဖြစ်မယ်ဆိုတာတော့ သိပ်သိချင် .. လူ့စိတ်များခက်လိုက်တာ .. ရှေ့လျှောက်လည်း ဆက်ကြောက်နေမိဦးမယ်ထင်တယ် .. သရဲကား လူသတ်ကားလည်း ကြုံရင်ကြုံသလို ကြည့်မိနေဦးမှာ .. တယောက်တည်းတော့မဟုတ်ဘူး .. အဖော်ကောင်းရင် .. :D




22 comments:

နွေးနေခြည် said...

တို့ကတော့ လူလိမ္မာ အလုပ်ပဲလုပ်တယ်

မကြည့်ဘူး (ကြောက်တတ်လို့) ဟီးဟီး

Welcome said...

မဟာဗန္ဓုလရဲ့ သွေး ၉၉% ပါသားပဲ ..
အဖော်ပါရင် အာကာသထိတောင် လိုက်မဲ့သဘော။
ကောင်းပီ အဖော်လုပ်ပြီး သရဲကားကြည့်မယ်

ပျော်ရွှင်ပါစေ

ကိုရင်ညိန်း said...

ကြောက်လိုက်တာတော့.......... ဗြဲဟဲဟဲ... :P အဟေးဟေး

တောင်ပေါ်သား said...

ဝါးးးး ၀ါးးးးးး ဖြဲချောက်တာ ကြောက်တတ်တယ်ဆိုလို့ ကျနော်ကတော့ ကြောက်တတ်ပါဘူး ဘာဆို ဘာမှ မကြောက် အမလေး လုပ်ပါဦး ရှေ့မှာ တီကောင် (စတာ တကယ် မကြောက်ဘူး)


လေးစားလျက်
တောင်ပေါ်သား

kaungkinpyar said...

မမ ကတော့ အကောင်ပလောင်ပါတဲ့ ရုပ်ရှင်ဆို ဘာမှ မကြည့် ကိုယ့်အကြောင်းကိုယ်သိလို့၊ ကိုယ်ချင်းစာ၏

မသက်ဇင် said...

ပရိတ်သတ်ရဲ့ အထာကို သိတော့ ထုတ်လုပ်သူတွေက
သရဲကား စုန်းကား လူသတ်ကား တွေကို သေချာရိုက်
ကြတယ် ပိုက်ဆံတွေ သဲ့ ယူကြတယ်
နိုင်ငံခြားစာကြည့်တိုက်တွေမှာ ဗွီဒီယိုခွေငှားရင် ၁၈ နှစ်
အောက် မကြည့်ရတဲ့ ကားတွေအပြင် စာကြည့်တိုက်ကဒ် တွေကို ခွဲခြားသတ်မှတ်ထားတယ်
မိုးခါးလေးရေ
ကြောက်စိတ်တွေ တအားဝင်သွားပါ့မယ်ကွယ်
ခင်မင်လျက်

Phyo Maw said...

မမမိုးခါးရယ် ကျနော့်လိုသာ ဆယ်ထပ်မှာ ၁ယောက်တည်း နေရရင် ဘယ်လိုလုပ်မလဲ
အခန်းဖော်ကလည်း လာချင်မှလာတယ်။ ဘေးမှာ ကပ်ရပ်ကလည်း ၁ ခန်းတည်းပဲ ရှိတယ်။
ပြူတင်းပေါက်က လှမ်းကြည့်ရင် high school အခန်းတွေက မီးလုံး ပြာပြာ လေးတွေပဲ မြင်ရတယ်။
သရဲ မမြင်ဖူးတော့ မြင်ဖူးချင်ရဲ့။ ကိုရီးယားကားထဲလို သရဲမ ချောချောလေးနဲ့သာ တွေ့ရရင် သူ့လက်မှာ သေဆို သေပျော်ပါတယ်။ :P

သက်ပိုင်သူ said...

မမမိုးခါးရယ်.. အနော်ကတော့ သူရဲကားဆို ကြည့်တောင် ကြည့်ဘူး

သီဟသစ် said...

သရဲကားများ..

တစ်ခါ နှစ်ခါလားပဲ ကြည့်ဖူး၏..
ကိုယ့်ဇကိုယ်သိတာနဲ့ မကြည့်တော့..

မိုးခါးက အဖော်နဲ့ဆိုကြည့်ရဲသေးတယ်..
ငါကတော့ ကြည့်ဘူး..
:D

ZT said...

မှတ်ထားရမယ်။ သရဲ ဖြစ်လို့ကတော့လား လာကို ခြောက်ဦးမယ်။ ဟီးဟီး။ :D

အန်တီချမ်း said...

တခါကပေါ့ကွယ်
တီကအဲတုန်းက လောကကြီးကိုစိတ်ကုန်နေတာ
လူကညစ်နေတာပေါ့
တနေ့ဖြစ်ချင်တော့ ကျောင်းကအပြန်.............
လမ်းမှာကားအက်ဆီ့ဒင့်ဖြစ်တာ နဲ့ကြုံပါလေရော
တီကလဲ စ ၃ လုံးစပ်စုစိန် ဆိုတော့ ၀င်ကြည့်တာပေါ့အေ
ဘယ်ရမလဲနော်
အဲမှာ ဘာတွေ့လဲဆိုတော့ အဒေါ်ကြီးတဲ့ အမေကြီးအရွယ်ပါ တော်တော်တော့ကြီးပြီ.............
ကားကတိုက်ပြီးတက်ကြိတ်လိုက်တာ ပွဲချင်ပြီးဆိုပဲ
သွေးတွေဆိုတာ ရဲနေတာ
လမ်းမပေါ်မှာ
ခေါင်းကလဲ ကတ္တရာလမ်းနဲ့ရိုက်မိတော့ ဦးနှောက်တွေက ပွင့်ပြီးတော့
တ၀က်လောက်ကထွက်ကျနေသေးတယ်
အဲမှာဆီလဲကြည့်နေရင် တီ့ဘေးကိုအမေကြီးတယောက်မသိမသာကပ်လာတာသတိထားလိုက်မိတယ်
အဲတာနဲ့မော့ကြည့်လိုက်တော့ လားလား.......... ကတ္တရာလမ်းမပေါ်မှာ စန့်စန့်ကြီးလဲနေတာလဲ သူပဲ
အင်းဟုတ်တော့နေပြီပေါ့နော် ငါတော့ ချက်ချင်းတွေ့နေရပြီပေါ့
ဒါပေမယ့် တီအဲဒီအမေကြီးကိုစိုက်ကြည့်မိတဲ့အခိုက်လေးမှာ ပဲ
တီသိလိုက်တယ် သူခု သွားစရာနေရာမရှိဘူးဆိုတာကို
အဲတာနဲ့ တီကလဲလောလောလတ်လတ်စိတ်ညစ်နေတာနဲ့
နေရာမရှိလဲ သားနဲ့သာလိုက်ခဲ့တော့ အမေဆိုပြီးခေါ်ထားလာလိုက်တာ
ခုထိပဲဆိုပါတော့
တီက သူ့နာမည်လဲမသိတော့ ကိုယ်ဘာသာခေါ်ရပြုရလွယ်အောင် ဒေါ်နွေးလို့ ပေးထားတယ်
တခါတခါတော့လဲသူကသနားစရာကောင်းပါတယ်
သူတို့က တခါတခါ ရှာစားရတာမလွယ်ဘူးတဲ့
သူပြောပြောပြတယ်
အဲတာနဲ့
အဲ့ဒီနေ့ ကတည်းက တီလဲဘာစားစား နဲနဲလေးချန်ထားတတ်တဲ့အကျင့်ဖြစ်လာတယ်လေ
အမေနွေးဖို့ပေါ့
ခါးမြင်ဖူးချင်ရင် လွှတ်လိုက်မယ်လေ
ကိုကိုကာဆီလဲလွှတ်မယ်
တခုပဲ
သူက ဆုံးတဲ့အချိန်တုံးက အွန်သည်စပေါ့ ဖြစ်တာရယ်
ဦးဆက်ပွင့် သွားတာရယ်ကြောင့် မြင်နေမကျရင်တော့ နည်းနည်းကြောက်စရာလိုလိုဖြစ်နေတာပေါ့
ဒါပေမယ့် အမေနွေးက သဘောကောင်းပါတယ်
သူကအရမ်းချစ်လာရင် လူကို လက်သည်းလေးတွေနဲ့ ကုတ်ခြစ်ပြီး ကျီဆယ်တတ်သေးတယ်လေ
တခုတော့ရှိတယ်နော် ၃ လုံးတွေဘာတွေမတောင်းရဘူး သူအရမ်းစိတ်ဆိုးတယ် သူ့သားက အဲတာတွေလုပ်ပြီးထောင်ကျသွားတာတဲ့
ပြောစကားလဲနားမထောင်၊တော်တော်လဲဆိုးတယ်တဲ့ အတြာကြောင့်သူက အတြာတွေတောင်းတဲ့ကောင်တွေဆို လည်ပင်းညစ်ချင်တာတဲ့..............
ကဲပါမြင်ဖူးတယ်ရှိအောင်လွှတ်လိုက်မယ်နော်
အဖော်ရအောင်ပါလေ
အဆင်မပြေတော့လဲပြန်လွှတ်လိုက်ပေါ့
တီကတော့ သူနဲ့နေလာတာကြာပြီဆိုတော့ မရှိရင်တောင်မနေတတ်သလိုဖြစ်နေပြီ
တခါတခါတော့ သူက ရုတ်တရက်ကြီးတွေ ကိုယ်ယောင်ပြတတ်သေးတယ်
တီ အိမ်သာထဲလှမ်းအ၀င်မှာ ကမုတ်မှာထိုင်နေတာမျိုး
အိမ်ပြန်အလာမှာ မီးဖွင့်လိုက်တာနဲ့
ဘွားကနဲ့ပေါ်လာတာမျိုးပေါ့
အစကတော့ လန့်လန့်အော်မိတယ်
နော်ကတော့လဲ ကျင့်သားရသွားတော့ အိုကေပါတယ်
နော်
ခင်ကြည့်ပါ
အမေနွေးက ခင်ဖို့အကောင်းသားပါ
ပို့လိုက်ပြီ
ချစ်တီချမ်း
အားရင်အိမ်လာလည် ကြာဇံကြော်လာစားအုံးနာ်

သဇင်ဏီ said...

ဝူး ထွား ဟား ဟား.. သရဲခြောက်တယ်ကွ.. ကြောက်တတ်တယ်ဆိုလို့ အနိုင်လာကျင့်တာ.. :D
တီတီတို့ကတော့ ကြောက်ပါတယ်ဆိုမှ သူ့အမေနွေးကိုလွှတ်ဦးမယ်.. မနိုင်ဘူး.. မနိုင်ဘူး.. :D

မိုးခါး said...

ဟုတ်ပနော်
တီတို့ တော်တော်ရက်စက်တယ် ..း(

flowerpoem said...

မကြောက်ပါနဲ့ ဟဲဟဲ ခါး၂ရေ အလည်လာပြီးစာဖတ်သွားပါတယ်ရှင်...

ဂျပန်ကောင်လေး said...

ဟားဟားဟား... ဖြစ်ရလေ ငါ့အမရေ...း) မကြောက်ပါနဲ့... မောင်ရှိပါတယ်.. ဟိဟိ

tg.nwai said...

မိုးခါးက ကြောက်တဲ့ ခံစားမှုကို သဘောကျနေလို့ ဖြစ်မှာပါ..။ အင်းလေ.. ကြောက်ချင်လို့ကို သရဲကားကြည့်တာပေါ့နော်.. ဟုတ်ဖူးလား။ သရဲကားတွေကိုတော့ သဘောမကျဘူး.. Ghost လို ကားမျိုးတော့ မပါဘူးနော်.. Casper လေးကိုရော မချစ်ဘူးလား မိုးခါးရဲ့..။

ဆောင်းနှင်းရွက် said...

ခေါင်းအုံးထဲကနေ ထွက်လာတဲ့ သရဲ ကားလည်း ရှိသေးတယ် မ ..။ မ ဒီနေ့ ည အိပ်ရင် ခေါင်းအုံး ကို သေချာ စစ်ပြီးမှ အိပ်နော် ..။ အဟိ ..>>>

ဝေမင်းအိမ် said...

ကြောက်တတ်တယ်ဆိုတော့ ဒုက္ခပဲ။ ကျနော်က သရဲဝတ္ထုရေးမလို့။ :)

ကြည်ဖြူပိုင် said...

hi,
Nice to meet you.
I also visited to your blog.
You are very good writer.
:)

ကိုလူထွေး said...

သရဲလာခြောက်ပါတယ်။ မိုးခါးရည်... လင့်ထားရင် ခွင့်ပြုမှာလား..

ရွှေပြည်သူ said...

ဟုတ်တယ် ညီမလေးရေ။ သရဲကားတွေက လူကို ပိုကြောက်တတ်အောင် လုပ်သလိုပဲ။ အစ်မတော့ အနောက်နိုင်ငံက သရဲကားတွေထက် အာရှက သရဲကားတွေကို ပိုကြောက်မိတယ်။ ကိုယ်ကြားဖူးနေကျ သရဲဇာတ်လမ်းတွေနဲ့ ပိုနီးစပ်တော့ တကယ်ကြီးလို ပိုထင်မိလို့ ထင်ပါရဲ့...

ကောင်လေး said...

မိုးခါးလေးက ကြောက်တတ်တယ်ပေါ့လေ..။ အပြင်မှာတွေ့လို့က တော့ ခြောက်ဖြစ်အောင်ကို ခြောက်အုံးမှာ..။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...