Friday, May 1, 2009

မြန်မာ "ရေသူမ"



ရေသူမ တကယ်ရှိတယ်လို့ ယုံကြည်ကြလား .. ဟုတ်သော်ရှိ မဟုတ်သော်ရှိ စိတ်ကူးယဉ်လို့တော့ကောင်းတဲ့ကိစ္စပဲ .. ငယ်ငယ်ကတော့ ရေသူမဇာတ်လမ်းကို တခါပဲကြည့်ဖူးတယ် .. လူကြီးတွေက မကြည့်ခိုင်းဘူးလေ .. နောက်ပိုင်းလည်းမကြည့်ဖြစ်ဘူး .. ကြည့်ဖူးသလောက်ကိုတော့ မှတ်မိနေတယ် .. ကြည်ဖူးတယ်ပေါ့ .. သူငယ်ချင်းတစ်ယောက်ကပြောတယ် .. မြန်မာရေသူမကားရှိတယ်တဲ့ .. ဟုတ်ရဲ့လားပေါ့ .. ဟုတ်တယ်ဆို ဘယ်လိုရိုက်လဲ သိချင်မိတယ် .. ဒါနဲ့ ဟိုရှာဒီရှာ ရှာကြည့်မိတယ် ..

အောင်ရဲလင်းနဲ့ သဉ္ဖာဝင့်ကျော် တို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ကြည်ဖြူရှင်ရိုက်ကူးထားတဲ့ ရေသူမကားကို ခုပဲကြည့်ပြီးတယ် .. စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ်ပေါ့ .. ဒါပေမယ့် ကြည့်ကောင်းပါတယ် .. ဇာတ်လမ်းကို အတင်းဖြတ်လိုက်တာတော့ ရှိတယ် .. မြင်နေကျကားတွေလိုမဟုတ်ပဲ တမျိုးလေးပေါ့ .. ဒါရိုက်တာကိုယ်တိုင်လည်း တခြားကားတွေထက် ပိုအားထုတ်ကြိုးစားထားတယ်လို့ပြောထားတယ် .. အားပေးသင့်တယ်ထင်ပါတယ် .. ဒါမှလည်း မြန်မာ ရုပ်ရှင်လောက ဗီဒီယိုလောက တိုးတက်လာလိမ့်မယ်ထင်တယ် .. ပြောင်းလဲသင့်ပြီ ခွဲထွက်သင့်ပြီလေ ..

ခုဒီကားမှာ ကွန်ပျူတာ animation တွေသုံးထားပါတယ် .. မဆိုးပါဘူး ကြည့်ရတာ .. ကြည့်ကြည့်ချင်တယ်ဆို အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်..

http://www.mayhninaye.com/movie_458a.html

ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖတ်ချင်ရင် အောက်ကလင့်မှာ ဖတ်နိုင်ပါတယ် ..
http://www.thanzinhlaing.com/forums/showthread.php?t=469

(လျှပ်တပြက်ဂျာနယ်မှ သတင်း) http://snapshot-news.com/modules.php?name=News&file=article&sid=14768




11 comments:

နွေးနွေးသဲမွန် said...

မမ ကြော်ငြာပါရေးတာလား...ဟိဟိ...မင်းသမီးကို မကြိုက်ဘူး...ဒါပေမယ့် မမရေးတာစိတ်ဝင်စားလို့ ကြည့်လိုက်ဦးမယ်

မဆုမွန် said...

ဇာတ်လမ်းလေး ပြောပြပါလားလို့..

မဆုမွန် said...

ညီမလေးရေ အစ်မ ဘလော့ခ်လေးပျက်သွားပြီဟယ် အစ်မ မျက်ရည်တောက်တောက်ကျရတယ် ညီမလေးရေ

ကိုလူထွေး said...

ညွန်လွန်းတော့ စကြည့်မိတယ်...

ဆက်တော့ မကြည့်ဖြစ်ဘူး...းဝ)

မဆုမွန်ကြီး တော့ ဒုက္ခပဲ...

မိုးခါး said...

နွေးရေ အမလည်း မင်းသမီးကိုမကြိုက်ဘူး .. ဒါပေမယ့် ကြည့်လိုက်တယ် .. ဘယ်လိုလုပ်မလဲသိချင်လို့ :D
မဆုမွန် သိချင်ရင် ညီမလာပြောပြမှာပေါ့း))
ကိုလူထွေး .. ကိုလူထွေးကလည်း ဟိုက ကြိုးစားပန်းစားရိုက်ပြထားတာဆိုတော့ အားပေးသင့်ပါတယ် .. မဟုတ်ဘူးလား :D

Phyo Maw said...

မြန်မာ ရေသူမက အင်ဂလိပ်ရေသူမနဲ့ တူလားဟင် မမမိုးခါး။
တူရင် ကြည့်မယ်။ မတူရင် မကြည်ဘူး။
:P

ကြည်ဖြူပိုင် said...

မိုးခါးရေ..ဘာလို့ စီဗုံးမထားတုန်း။ ဆိုပါဦး။ ရေသူမအကြောင်းလာဖတ်တယ်။ ပျော်ရွှင်ပါစေ။ မဆုမွန်အတွက်လဲစိတ်မကောင်းလိုက်တာ။

yegyi said...

အဟဲ ကြော်ငြာလားဗျ ကြည့်မယ်ဗျာ

yegyi said...

အဟဲ ကြော်ငြာလားဗျ ကြည့်မယ်ဗျာ

ရွှေပြည်သူ said...

ညီမလေးပြောသလိုပဲ ခါတိုင်းကြည့်နေကျ မြန်မာဇာတ်ကားတွေကနေ ခွဲထွက်လာတဲ့ ကားလေးဆိုတော့ စိတ်ဝင်စားမိပါတယ်။ ရုံးပိတ်ရက်ကျရင် အေးအေးဆေးဆေးကြည့်ရမယ်လို့ မှတ်ထားလိုက်ပြီ မိုးခါးလေးရေ။

ညလေး said...

ဒီကားကြီး ကြည့်ပြီးသွားပေါ့၊ animation တွေက သိပ်မပီပြင်ဘူး၊ အမြီးနဲ့လူ တစ်ခြားစီဖြစ်နေတာတွေ့ရတယ်။
ပြီးတော့ ဇာတ်အိမ်လဲ မကြိုက်ဘူး၊ ညလေး ကြည့်ရင်းနဲ့ အိပ်ပျော်သွားတယ်။

ပို့စ်တွေကို reader နဲ့ ဖတ်ပြီး လာမန့်မယ်။ ဆီဗုံးမတွေ့လို့ အော်မသွားရဘူး။
ခင်လျက်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...